ဂဏန်းဗေဒင်ဖြင့် ထီပေါက်ကိန်း ရှာဖွေခြင်း

မြန်မာ့ရိုးရာဗေဒင်ပညာမှာ စနေအထိုင် ကောင်းရင် ၊ ငွေနံတနင်္လာ အားကောင်းနေရင် ထီပေါက်ကိန်း ရှိတယ်လို့ သတ်မှတ်ယူဆ ဟောပြောကြပါတယ်။ တကယ်တမ်းမှာလည်း ငွေနံ၊ ထီနံ အားကောင်းလို့ ထီပေါက်ငွေဝင်၊ လာဘ်ရွှင်ခဲ့ကြသူတွေ မနည်းမနော ရှိပါတယ်။ မြန်မာ့ဗေဒင်လိုပဲ အနောက်တိုင်းက ဂဏန်းဗေဒင်မှာလည်း ထီပေါက်ကိန်း ခန့်မှန်းနည်းနဲ့ ထီဂဏန်း ရွေးချယ်နည်းတွေ ရှိပါတယ်။ အဲဒီနည်းတွေထဲက လက်တွေ့ အသုံးကျပြီး တွက်ချက်ရလည်း လွယ်ကူတဲ့ ဂဏန်းဗေဒင်နည်းတစ်ခုကို မျှဝေ တင်ပြလိုက်ပါတယ်။

ထီပေါက်နိုင်သော နှစ်ကာလကို ရွေးချယ်ခြင်း – ကိုယ့်ရဲ့ အင်္ဂလိပ်လို မွေးလရက် အားလုံးကို ဂဏန်းတစ်လုံးတည်း ရအောင် ပေါင်းရပါမယ်။ ဥပမာ ကိုယ့်မွေးခုနှစ်က ၁၉၉၄၊ နိုဝင်ဘာလ ၂၅ ရက် ဆိုရင် ၁+၉+၉+၄+၁+၁+၂+၅ = ၃၂ = ၃+၂ = အားလုံးပေါင်းခြင်း (၅) ဂဏန်းကို ရရှိပါမယ်။ (နိုဝင်ဘာလက ၁၁ လပိုင်း ဖြစ်လို့ ၁၁ ယူပါတယ်)

(၅) ဂဏန်း ရတဲ့အတွက် ပေါင်းခြင်းဂဏန်း (၅) ရရှိတဲ့ အသက်ပိုင်းခြားတွေ ဖြစ်တဲ့ အသက် (၁၄) ၊ (၂၃) ၊ (၃၂) ၊ (၄၁) ၊ (၅၀) စတဲ့ နှစ်တွေမှာ ထီပေါက်ကိန်း ရှိတတ်ပါတယ်။ နှစ်အရ တွက်ရင်လည်း ပေါင်းခြင်း (၅) ရမယ့် ၂၀၂၁ (၂+ဝ+၂+၁  =၅ ) လို နှစ်တွေမှာ ပိုပြီး ထိုးသင့်ပါတယ်။ လပိုင်းအရ ဆိုရင်လည်း (၅) လမြောက် ဖြစ်တဲ့ မေလမှာ ထီထိုး ကံစမ်းတာတွေ လုပ်ကြည့်သင့်ပါတယ်။ ကိုယ့် ဉာဏ်ပြေးသလို တွက်ချက် စဉ်းစား ကံစမ်းနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အကျိုးပေး ထီဂဏန်းများကို ရှာဖွေခြင်း – ပထမနည်းအတိုင်း မွေးရက်၊ မွေးလ၊ မွေးနှစ် အားလုံးကို ဂဏန်းတစ်လုံးတည်း ကျန်အောင် ပေါင်းပါ။ ရလာတဲ့ ဂဏန်းအလိုက် ရွေးချယ်ရမယ့် ထီဂဏန်းတွေကို သိရှိနိုင်ပါပြီ။ ဒီနေရာမှာ သတိပြုရမှာက ကိုယ့်အတွက် အကျိုး မပေး၊ ကံမကောင်းနိုင်တဲ့ ဂဏန်းတွေကိုတော့ ထီဂဏန်းရွေးရာမှာ သတိထား ရှောင်ရပါမယ်။ မွေး ရက်/လ/နှစ် အားလုံး ပေါင်းခြင်းဂဏန်းနဲ့ ရွေးချယ်ရမယ့် ထီဂဏန်း၊ ရှောင်ရမယ့် ဂဏန်းတွဲတွေကို အောက်ပါဇယားမှာ အသေးစိတ် ဖော်ပြထားပါတယ်။

ဥပမာ – မွေး ရက်၊လ၊ နှစ် အားလုံးပေါင်းခြင်းက (၉) ရတယ်ဆိုရင် ထီပေါက်ကိန်းမှာ အကျိုးပေးမယ့် ဂဏန်းတွေက ၃၊ ၆၊ ၉ ပဲ ဖြစ်ပါတယ်။ ရှောင်ရမယ့် ဂဏန်းတွေက ၂၊ ၄၊ ၈ ဖြစ်ပါတယ်။ အက္ခရာကို နှစ်သက်ရာ ရွေးယူနိုင်ပြီး ဂဏန်းတွေကိုတော့ သေချာစိစစ် ရွေးချယ်ကြပါ။ ထီပေါက်ကိန်း ရှိတဲ့ နှစ် အပိုင်းအခြားမှာ အကျိုးပေးထီဂဏန်းတွဲတွေကို ရွေးချယ်ပြီး ဆုကြီးကြီးတွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ရပါတယ်။ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)