ဗေဒင်ပညာနဲ့ နိုင်ငံခြားသွားရကိန်း၊ နိုင်ငံရပ်ခြားမှာ အခြေချ နေထိုင်ရကိန်း စတာတွေကို တွက်ချက်စစ်ဆေးတဲ့ နည်းလမ်းများစွာ ရှိပေမယ့် ဒီနေရာမှာတော့ ဂဏန်းဗေဒင်၊ ရာသီခွင်ဗေဒင် ဆိုတဲ့ လူတိုင်း သိနားလည်လွယ်တဲ့ ဗေဒင်နည်းလေးတွေနဲ့ နိုင်ငံခြားကံ ရှိ၊ မရှိကို အလွယ်သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံခြားကံကို ဂဏန်းဗေဒင်နဲ့ တွက်ဆနည်း ဂဏန်းဗေဒင်နည်းတစ်ခုအရ ကိုယ့်မွေးခုနှစ်မှာ တစ်ဂဏန်း အကြိမ်ကြိမ် ပါနေတယ်ဆိုရင် နိုင်ငံခြားသွားရကိန်း သေချာသလောက် ရှိတယ်လို့ ဆိုပါတယ်။ ဥပမာ … ကိုယ့်မွေးနှစ်က ၁၁ ရက်၊ ၁ လပိုင်း၊ ၁၉၉၁ ဆိုရင် အဲဒီမှာ တစ်ဂဏန်း လေးကြိမ်တောင် ပါဝင်နေလို့ နိုင်ငံခြားသွားဖို့ ကြိုးစားရင် အောင်မြင်လွယ်တတ်ပါတယ်။ နောက်ထပ် ဂဏန်းဗေဒင်နည်းအရ ကိုယ့်မွေးရက်ဟာ (၆) ဂဏန်း ဖြစ်မယ် […]
