တနင်္လာနေ့ဖွား စနေအဝင်

တနင်္လာနေ့ဖွားများဟာ အသက် ၄၀ ကနေ ၅၀ အထိ စနေဂြိုဟ်အိပ်ကို  ဖြတ်သန်းရပါတယ်။ စနေဂြိုဟ်အိပ် စဝင်ဝင်ခြင်း တစ်နှစ်ကျော်ကာလ မှာ တနင်္လာနေ့ဖွားတွေအတွက် အကောင်းဆုံးယတြာသည်……

သာသနာ့ဘောင် ဝင်ခြင်းပါပဲ။ ခက်တာက အမျိုးသမီးတွေမှာခက်ပါတယ်။ ဆံပင်အဆုံးမခံနိုင်သူလည်း များကြသလို၊ အချို့ကျတော့လည်း အိမ်ရှင်မတာဝန်ကို ဘယ်လိုမှ လစ်လပ်လို့ မရ၊ ဘဝပေးအခြေအနေအရ အိုးအိမ်က ခွာလို့မရသူတွေလည်း များကြပါတယ်။

ဒါဖြင့် ဘယ်လိုလုပ်မလဲ။ ယောဂီဝတ် လေးငါးစုံလောက်ဝယ်ပါ။ လပြည့်နေ့ သို့မဟုတ် ….တနင်္လာ ၊ အင်္ဂါ နေ့ တစ်ရက်ရက်ကနေစပြီး …..မိမိနေအိမ်မှာတင် အဓိဌာန်လေးတစ်ခုပြုပါ။

ဒီလို အဓိဌာန်ပြုရာမှာ ….ဘုရားတပည့်တော်မသည် ….ဘယ်နေ့ဘယ်ရက်ကနေ စပြီး ဘယ်နှစ်ရက်တိုင်တိုင် ( ကောင်းတာကတော့ ဆယ့်ငါးရက်တိတိ) အထိ….အဘယ်ကဲ့သို့ ပြုမူနေထိုင် ကျင့်ကြံပါမည်ဘုရား ဆိုပြီး အဓိဌာန်ပြုပါ။

ဒီနေရာမှာ အဘယ်ကဲ့သို့ ဆိုတာကို နဲနဲ ဆက်ရှင်းပါ့မယ်။ မိမိသည် သီလကို အားပြုမယ်ဆိုရင် ထိုရက်များအတွင်း ဘယ်သီလကို အထူးစောင့်ထိမ်းကြပ်မတ်ပါ့မည်ဘုရား ဆိုပြီး အဓိဌာန်ပြုပြီး …ထိုသီလအားနှင့် ….အဓိဌာန်အောင်မြင်အောင် စောင့်ထိမ်း ပြီးမြောက်ပါ။

မိမိသည် စရဏကို အားပြုမယ်ဆိုရင်လည်း ထိုရက်များအတွင်း ….မဟာသမယ သုတ်တော်ကြီး ၊ ပဌာန်း ၊ မေတ္တာသုတ်တော် စသည်ဖြင့် မိမိအားသန်ရာ စရဏပိုင်းကို ရွေးပြီး အဓိဌာန်ပြု …လုပ်ဆောင်သွားပါ။

သီလရော စရဏရော ဆိုရင်တော့ အကောင်းဆုံးပေါ့။ အရေးကြီးတာက ထို ရက်များအတွင်းမှာ လူဝတ် ပြန်မလဲရပါ။ ရေမိုးချိုး ကိုယ့်လက်သန့်စင်ပြီးရင်လည်း ယောဂီဝတ်ပဲ ပြန်လဲရပါတယ်။

သတ်မှတ်ရက် အဓိဌာန် ပြည့်ပြီဆိုမှ လူဝတ်ပြန်သုံးပါ။ နောက်တစ်ချက်က အဓိဌာန်ကာလများအတွင်းမှာ အိမ်ထောင်သည်များ …အိမ်ထောင်ဖက်နဲ့ ခဏလေး ခွဲအိပ်ပါ။ ဒီလောက်ပါပဲ။

စနေအဝင် တစ်ကယ်ထုရင်..ဘဝပျက်သွားသည်အထိ ခံစားဖူးသူတွေ သိကြပါတယ်။ ဆိုတော့ ဒီအချိန် ဒီကာလ အဝင်မျိုးမှာ တနင်္လာနေ့ဖွားတွေအတွက်က  အကောင်းဆုံး သဘာဝယတြာသည် …

လူဝတ်လဲခြင်း၊ သာသနာ့ဘောင်ဝင်ခြင်း တွေပါပဲ။ လက်တွေ့လည်း ….ဘဝပျက်လုလု အနေအထားတွေကနေ…ဒီအဓိဌာန်လေးတွေနဲ့ ကျော်လွှားနိုင်ခဲ့ကြသူတွေ ရှိခဲ့ပါပြီ။ တစ်ကယ်လိုအပ်နေသူတွေအတွက် ရည်ညွှန်းရေးသားပေးခဲ့ပါတယ်။ အားလုံးပဲ ချမ်းသာကြပါစေ။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)