၂၀၂၀ ၊ နိုဝင်ဘာလအတွင်း ချမ်းသာသုခကို ပေးစွမ်းနိုင်သော ဓနသိဒ္ဓိနက္ခတ်ပေါ် စန်း (တနင်္လာဂြိုဟ်-လမင်း) ဖြတ်သန်းမည့် အချိန်အခါကောင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ (စန်းဖြတ်ချိန်ကို ကေပီနယူးအာယနဖြင့် တွက်ချက်ထားသည်)
![](http://www.baydin.info/wp-content/uploads/2020/11/dntt202011.jpg)
ဓနသိဒ္ဓိနက္ခတ်ပေါ် စန်းဖြတ်ချိန်တွင် ရတနာရွှေမိုးငွေမိုး ရွာသွန်းစေနိုင်သော မဟာဝေဒဗ္ဗမန္တာန်တော်၊ လာဘ်လာဘအရာတွင် ဧတဒင်္ဂ ရရှိသော ရှင်သီဝလိ ကိုယ်တော်မြတ်ကြီး ဂါထာ၊ လာဘ်ရွှင်ငွေဝင်ဂါထာအဖြစ် နာမည်ကျော်ကြားသော သဗ္ဗဇေယျမင်္ဂလာဂါထာတော် စသည်တို့ကို မိမိတို့ တတ်စွမ်းသမျှ ကြည်ညိုသဒ္ဒါ ထက်သန်စွာဖြင့် ရွတ်ပွားပူဇော်နိုင်ပါသည်။
![](http://www.baydin.info/wp-content/uploads/2019/03/Diwartapadi.jpg)
ဂါထာတော်များကို ရှာဖွေစုစည်း၍ တပါတည်း ပူးတွဲ ဖော်ပြထားပါသည်။ မိမိတို့ စိတ်သန်ရာ အဆင်ပြေရာ ဂါထာတော်ကို အထူး အားပြု ရွတ်ဖတ်ပူဇော်ပါ။ ဂါထာအနက်နှင့် အသံထွက်ကို နီးစပ်ရာ နားလည်သူများ၊ သံဃာတော်များထံ လေ့လာမေးမြန်းနိုင်ပါသည်။
![](http://www.baydin.info/wp-content/uploads/2019/03/Thiwali-690x1024.jpg)
![](http://www.baydin.info/wp-content/uploads/2019/03/Thiwali2-705x1024.jpg)
နက္ခတ်အချိန်အခါကောင်းတွင် အစွမ်းထက်မြက်သော ဂါထာတော်များကို ယုံကြည်လေးမြတ်စွာ ရွတ်ပွား ပူဇော်ခြင်းဖြင့် မိမိတို့ ကုသိုလ်ကံအကြောင်းတရားအလိုက် လိုအင်ဆန္ဒ ပြည့်ဝခြင်း၊ ငွေကြေးဓန ဥစ္စာ ချမ်းသာကြွယ်ဝခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်းများ ရရှိကြပါစေသော်ဝ်…. ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင် နက္ခတ်ပညာရှင်)
![](http://www.baydin.info/wp-content/uploads/2019/02/SayarLWA.jpg)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)