တချို့က လက်ရှိစီးပွား ကြီးမားအောင်မြင်ဖို့ အစီအရင် လုပ်သည်။ တချို့ကျ ရှိရင်းစွဲ လုပ်ငန်းလေး ရှေ့ဆက် ရှင်သန်နိုင်ဖို့ ယတြာတွေ ချေကြသည်။ တချို့ကတော့ အိမ်၊ မြေ ၊ ယာဉ်တစ်ခုခုကို ရောင်းချအရင်းပြု စီးပွား ဖြစ်ဖို့ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ကြပြန်သည်။ လုပ်သာ လုပ်သည်၊ ထူးမလာသော သူများ ရှိကြသည်။
![](http://www.baydin.info/wp-content/uploads/2018/07/astrologersadviceonlyfeat.jpg)
သက်ရောက်ဗေဒင်အရ ယတြာ၊ အစီအရင်များ လုပ်လို့ မထူး၊ အိမ်မြေယာဉ်ကားများ ရောင်းထုတ် ငွေဖော်ရန် ခက်ခဲသည့် နှစ်အပိုင်းအခြားများ ရှိသည်။ ဓာတ်ရိုက်ဓာတ်ဆင် ကြိုက်သလောက် လုပ်၊ တုတ်တုတ်ပင် မလှုပ် မဖြုံသော သက်ရောက်နှစ်များ ရှိသည်။ ယတြာမျိုးစုံ လုပ် ၊ ဘာမှ ထူးမလာသော နှစ်မျိုး ရှိသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
![](http://www.baydin.info/wp-content/uploads/2018/12/aboutsundaybornbrief444.jpg)
ယတြာ ၊ ဓာတ်ရိုက်ဓာတ်ဆင်၊ ဘယ်လိုအစီအရင်မှ မတိုးတော့၊ မထူးတော့ဟု ခံစားရလျှင် ယခု ဖော်ပြမည့် နေ့သားအလိုက် လုပ်ရမည့် နည်းလမ်းများကို ဦးစွာ ဆောင်ရွက်ပြီးမှ မိမိတို့ လုပ်ဆောင်နေသည့် ယတြာ၊ အစီအရင်များကို ပြန်လုပ်ကြည့်ပါ။ အစောပိုင်းက မထိရောက်၊ မထူးခြားခဲ့သော ယတြာအစီအရင်များ ထူးခြားထက်မြက်စွာ အစွမ်းပြပါလာလိမ့်မည်။
ယတြာအစီအရင် ထူးခြားစေမည့် အထောက်အကူပြု နည်းလမ်းများ
တနင်္ဂနွေနေ့ဖွားများ – စနေနေ့တွင် ဒုက္ခိတများကို အစာအာဟာရ ကျွေးမွေးပါ။ နယ်တွင် နေထိုင်ကြသူများ နွား အစာကျွေးတာမျိုး လုပ်ပေးပါ။ တံတားထိုး၊ တံတားပြင် အလုပ်ပေါ်ရင် လုပ်အားဒါန ဝင်ကူပေးပါ။
တနင်္လာနေ့ဖွားများ – တနင်္ဂနွေနေ့တွင် အိမ်ပြင်၊ အိမ်ဆောက် လုပ်နေသူများကို ကိုယ်တိုင်ဝင်ကူပေးပါ။ ရွှံ့ဗွက် ထူသည့် လမ်းတွင် အုတ်ခဲ ခင်း၍ ကုသိုလ်ယူပါ။ ဦးနှောက် အာရုံကြော အားနည်းသူကို ဆေးဝါးလှူဒါန်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
![](http://www.baydin.info/wp-content/uploads/2019/06/healthproblemtip111.jpg)
အင်္ဂါနေ့ဖွားများ – တနင်္လာနေ့တွင် ဘုရားစေတီတစ်ဆူဆူ၌ ကြွေပြား၊ ကျောက်ပြား လှူဒါန်းပါ။ ပြီးလျှင် ခွေး၊ ငှက် သတ္တဝါလေးများကို အစာကျွေးပါ။ ဇီဝိတဒါနအဖြစ် ငါးအရှင်များကို မြစ်၊ ချောင်းထဲ လွှတ်ပေးပါ။
ဗုဒ္ဓဟူးနေ့ဖွားများ – အင်္ဂါနေ့တွင် စက်ပျက်တစ်ခု ပြင်ဆင်ရာ၌ ဝင်ကူပေးပါ။ သို့မဟုတ်ပါက စိတ်ဝေဒနာရှင်ကို အာဟာရဒါန ကျွေးမွေးကုသိုလ်ယူပါ။ ဆန်အပုံလေး (၈) ပုံ ပြု၍ စာကလေးငှက်များကို အစာ ကျွေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
![](http://www.baydin.info/wp-content/uploads/2020/01/bird.jpg)
ကြာသပတေးနေ့ဖွားများ – ဗုဒ္ဓဟူးနေ့တွင် စေတီရင်ပြင်တစ်ခု၌ သန့်ရှင်းရေးလုပ်အားဒါန လှူပါ။ သောက်ရေ သုံးရေ လှူဒါန်းပါ။ မြစ်၊ ချောင်းထဲရှိ ငါး၊ ပုစွန် စသည် ရေသတ္တဝါအားလုံးကို ရည်မှန်း၍ အစာ ကျွေးပါ။
သောကြာနေ့ဖွားများ – ကြာသပတေးနေ့တွင် ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်းဝန်းထဲတွင် မြက်ရှင်းသည့် လုပ်အားဒါန လှူပါ။ မျောက် (သို့မဟုတ်) ဘဲများကို ကိုယ်တိုင် အစာကျွေးပါ။ မြေကြီးဖို့ရာမှာ ဝင်ကူပေးပါ။
![](http://www.baydin.info/wp-content/uploads/2018/02/monk-868244_960_720.jpg)
စနေနေ့ဖွားများ – သံဃာတော်သုံး ကုဋီများမှာ ကိုယ်တိုင် သန့်ရှင်းရေးလုပ်အားဒါန ပေး၍ ကုသိုလ် ရယူပါ။ လိုအပ်နေသူများအတွက် သွပ်၊ သံများ ကူညီပေးပါ။ သောက်ရေသုံးရေ လိုသူများအတွက် လှူဒါန်းပေးပါ။
ဖော်ပြပါ ကုသိုလ်တွန်းအားပေးနည်းလမ်းများကို အနည်းဆုံး (၃) ကြိမ်လောက် လုပ်ပေးပါ။ ဒါမှသာလျှင် မိမိ လုပ်နေဆဲ ယတြာ၊ အစီအရင်၊ ဓာတ်ရိုက်ဓာတ်ဆင်များ ထိရောက်ထူးခြား အစွမ်းပြလာမှာ ဖြစ်ပါသည်။ ယတြာမှန်သမျှ စွမ်းစေလိုသော ဆန္ဒဖြင့် – ဧက (ဗေဒင်သုတ)
![](http://www.baydin.info/wp-content/uploads/2019/09/willpower333.jpg)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)