မြန်မာ့နာမက္ခရ ဆန်းပညာ

စင်္ကာပူကို ခေတ္တရောက်ခဲ့စဉ်တုန်းက စင်္ကာပူဖွား တရုတ်လူမျိုးတစ်ယောက်က မေးဖူးပါတယ်။ အမည်နဲ့ ဟောလို့ ရလို့ အမည်ကို သေချာ မေးတာလား ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော်က ရပါတယ်လို့ ဖြေတော့ မြန်မာဗေဒင်နဲ့ တရုတ်နာမည်ကို ဘယ်လိုဟောသလဲတဲ့ ..။ ကျွန်တော်က အသံလှိုင်းရှိရင် အဲဒီ့အသံလှိုင်း မှန်သမျှကို ဟောလို့ရတဲ့ ပညာ ငါတို့မှာ ရှိတယ်လို့ ပြန်ဖြေခဲ့ရပါတယ်။ ဒီတော့ သူက ဘာမှမပြောတော့ပါဘူး..။

သူ့ဇနီး ရှမ်းတရုတ်အမျိုးသမီးကတော့ ကျွန်တော့်ကို တော်တော် အားနာနေပုံရပါတယ်။ တစ်ကယ်တော့ ကျွန်တော်ခဏ စင်္ကာပူ အလည်လာတုန်း သူမက ထမင်းကျွေးဖို့ ဖိတ်တာပါ။ ဟိုရောက်တော့ လုပ်ငန်းချဲ့ထွင်ဖို့ ကဏ္ဍအတွက် ကျွန်တော့်ကို ဆွေးနွေးတိုင်ပင်ရင်း ပူပူနွေးနွေး လက်ထပ်ပြီးစ သူ့အမျိုးသား စင်္ကာပူတရုတ်ကိုပါ ဗေဒင်ဟောပေးဖို့ တောင်းဆိုတာကနေ….ဒီအမေးအဖြေလေးတွေ ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ သူ့အမျိုးသားကို တရုတ်အမည်နဲ့ပဲ ကျွန်တော် သေချာဟောဆိုပေးခဲ့ပါတယ်။ အဲဒီ့စင်္ကာပူတရုတ်က ကားခရေဇီတစ်ယောက်ပါ။ ကားကို အသေအလဲ ကြိုက်ပါတယ်။ ကားမောင်းလည်း ကျွမ်းကျင်ပါတယ်။ အဲလိုလူကို ကျွန်တော်က ကား မတော်တစ်ဆမှု ဖြစ်မယ်လို့ ဟောပေးခဲ့တာပါ။

(ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ) လွယ်လွယ်ကူကူပါပဲ…အဲဒီ့တုန်းက နည်းနည်း တွက်ချက်ကြည့်ပြီး …နာမည်အဖျားစာလုံး အင်္ဂါဂြိုဟ် ကောဇာမဟာဘုတ်ဇာတာမှာ ပက္ခမိမယ့် အချိန်နဲ့ အသက်ပိုင်း အရ…တနင်္ဂနွေသက်ရောက်ချိန် နဲ့တူပါတယ်။ အဲဒါနဲ့ ကျွန်တော်က “ခင်ဗျားနာမည်အရ ရှေ့လာမယ့် နှစ်ထဲမှာ မတော်တဆမှု သေချာသလောက် ဖြစ်လိမ့်မယ်။ သတိထားပါ” လို့ပဲ ဟောပေးခဲ့ပါတယ်။

ကိုရွှေတရုတ်က မတတ်သာလို့ နားထောင်နေရတဲ့ ၀တ်ကျေတမ်းကျေ မျက်နှာပေးမျိုးနဲ့ပါ။ မြန်မာပြည်က ဟောခန်းထဲမှာသာဆို ဖနှောင့်နဲ့ ထပေါက်မိမလားပါပဲ။ ခုတော့ ကိုယ်က သူများနိုင်ငံမှာ ဧည့်သည်လည်းဖြစ် ရင်းနှီးနေတဲ့ ဆွေမျိုးနီးစပ် မရှမ်းတရုတ်မကိုလည်း အားနာတာကြောင့် ….လိုတိုရှင်းပဲ ဟောပေးခဲ့ပါတယ်။

နောက်တော့ အဲဒီ့စင်္ကာပူတရုတ် ကား အက်ဆီးဒန့်စ် ဖြစ်ကြောင်း၊ အစ်ကိုကြီးဟောပေးသွားတာတွေကိုလည်း ခုမှ အံ့အားသင့်ကြောင်း ဘာညာ ..စသည်ဖြင့်ကို စင်္ကာပူမှာ နေတဲ့ ညီတော်မောင်က ပြောပြပါတယ်။ ထားပါတော့။ ဒါတွေက ကိုယ်ရည်သွေးဖို့ ..တော်ကြောင်းတတ်ကြောင်း ပြဖို့လည်း မရည်ညွှန်းပါ။ ကျွန်တော့်နည်းတူ မြန်မာ့ရိုးရာ နာမက္ခရ ဆန်းပညာကို လေ့လာဖူးသူတိုင်း ကောင်းစွာ ဟောဆိုနိုင်တဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်းလေးတွေပါ။

အဓိက ကျွန်တော်ပြောချင်တာက …တစ်ကမ္ဘာလုံးမှာ အမည်နဲ့ ပတ်သက်ရင် …အကောင်းဆုံး ဟောဆိုနိုင်တဲ့ အမည်ဟောနည်း ပညာရပ်ဟာ ..မြန်မာ့ရေမြေပေါ်မှာသာ ရှင်သန်နေတယ် ဆိုတဲ့အကြောင်းပါပဲ..။

ခပ်ရှင်းရှင်းပဲ အတ္တကြီးကြီးနဲ့ ဆိုပါရစေ…။ မြန်မာ့ပညာရပ်တွေကို မြန်မာပညာရှင်တွေ အစဉ်အဆက် လက်ဆင့်ကမ်း သယ်ပိုးနိုင်ကြပါစေ။ တိုင်းတစ်ပါး လက်ဝယ်ရောက်ပြီး ကျွန်တော်တို့ဆီမှာ တိမ်မြုပ် ပျောက်ကွယ်သွားခြင်း မဖြစ်စေလိုပါ။ မဟာဘုတ်ပညာရပ်ကတော့ တစ်စွန်းတစ်စ …တိုင်းတစ်ပါးမှာ သယ်ယူ စိုက်ပျိုးထားကြပါပြီ။ အမြစ်လည်းတွယ်စ ပြုနေပါပြီ။

ဒါကြောင့် ဘယ်သူ တော်တယ်…ဘယ်သူမှန်တယ်….ဆိုပြီး မြန်မာအချင်းချင်း မညီမညွတ်ဖြစ်နေကြမယ့်အစား တစ်ဦးသိတာ တစ်ဦး ၊တစ်ဦး မသိတာ တစ်ဦး …နာယူလွယ်သော နှလုံးသားနဲ့ လေးစားစွာ ဖလှယ်နှီးနှောရင်း .မြန်မာ့ဗေဒင်ပညာရပ်များ တိုးတက်နိုင်ကြပါစေသတည်း…။

လေးစားစွာဖြင့်
ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287 ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)