ဂဏန်းဗေဒင်လာ သင့်အားနည်းချက်များ
ဂဏန်းဗေဒင်ပညာမှာ မူလဇာတာပါ ရက်စွဲအရ ပျောက်ဆုံးနေတဲ့ဂဏန်းတွေအကြောင်း သီးခြားလေ့လာမှုတွေ ရှိပါတယ်။ ဥပမာ သင့်ရဲ့အင်္ဂလိပ်လို မွေးရက်က (၂၅.၁၁.၁၉၉၃) ဆိုရင် ဂဏန်းတွေအားလုံးကို ချကြည့်တဲ့အခါ ၂ ဂဏန်း တစ်ကြိမ်၊ ၅ ဂဏန်း တစ်ကြိမ်၊ ၃ ဂဏန်း တစ်ကြိမ်၊ ၁ ဂဏန်း သုံးကြိမ်နဲ့ ၉ ဂဏန်း နှစ်ကြိမ်အထိ ပါဝင်နေပြီး လုံးဝ ပါမလာတဲ့ ပျောက်ဆုံးဂဏန်းတွေကတော့ (၄ ၊ ၆ ၊ ၇ ၊ ၈) တွေ ဖြစ်နေပါတယ်။
ဒါကြောင့် ပျောက်ဆုံးနေတဲ့ဒီဂဏန်းတွေအတိုင်းဆိုရင် သင့်မှာ အဲဒီအားနည်းချက်တွေ ရှိနေမှာ ဖြစ်ပါတယ်။ ပျောက်ဆုံးဂဏန်းတွေအရ သင့်ရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) ဂဏန်း ပျောက်နေရင်
ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းတတ်တယ်။ လူအများနဲ့ ဆက်ဆံရာမှာ အဆင်မပြေတတ်လို့ တစ်ယောက်တည်း ခပ်အေးအေးပဲ နေချင်တာ များတယ်။ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်ကို လူရှေ့သူရှေ့ ထုတ်မပြောနိုင် ဖြစ်မယ်။ အလုပ်အကိုင်နဲ့ ပတ်သက်လို့ မကြာခဏ အခက်အခဲတွေ များတတ်တယ်။
(၂) ဂဏန်း ပျောက်နေရင်
ဘဝမှာ နှလုံးသားရေးရာပြဿနာတွေ မကြာခဏ ကြုံရတတ်တယ်။ ဘဝတည်ငြိမ်မှု နည်းသလို သည်းခံနိုင်စွမ်းပါ လျော့နည်းတတ်တယ်။ အချိန်နဲ့ဇယားနဲ့ စနစ်တကျ အလုပ် မလုပ်တတ်တာ များတယ်။ စိတ်ခံစားချက်တွေကို ရှေ့တန်းတင်လွန်းမယ်။ မိမိကိုယ်ကို ယုံကြည်မှုရော စိတ်စွမ်းအားပါ နည်းမယ်။
(၃) ဂဏန်း ပျောက်နေရင်
ဘာသာရေးအပေါ် ယုံကြည်လေးမြတ်မှု လျော့နည်းတတ်တယ်။ ဆရာသမားတွေနဲ့ အဆင်မပြေဖြစ်လိမ့်မယ်။ ဘဝမှာ ရာထူးတိုးခါနီးတိုင်း၊ အလုပ်တိုးချဲ့တဲ့အခါတိုင်း အနှောင့်အယှက် များမယ်။ တီထွင်ဆန်းသစ်နိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်း နည်းတတ်တယ်။ အလွယ်တကူ လက်လျှော့အရှုံးပေးတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၄) ဂဏန်း ပျောက်နေရင်
ငွေကြေးစီးပွားကံဇာတာ တည်ငြိမ်မှု နည်းတတ်တယ်။ အခု ငွေပေါသလောက် တော်ကြာနေ လက်ထဲ ငွေပြတ် ဘိုင်ကျတတ်တယ်။ တစ်ခုခုအောင်မြင်ဖို့ရာ သူများထက် ခက်ခဲပင်ပန်းတတ်တယ်။ ပိုပြီး ရုန်းကန်ရတတ်တယ်။ မကြာခဏ ဦးတည်ချက် မဲ့သွားတတ်ပြီး သတိမေ့လျော့လွယ်တာမျိုး ဖြစ်တတ်တယ်။
(၅) ဂဏန်းပျောက်နေရင်
ဘဝ အတက်အကျ များတတ်တယ်။ အခုနေ ရွှေထီးဆောင်းသလောက် နောက်တော့ စားရမဲ့သောက်ရမဲ့သလို ဖြစ်နေတတ်တယ်။ ဝမ်းဗိုက်၊နောက်ကျောပိုင်းမှာ ရောဂါဝေဒနာ ဖြစ်ပွားတတ်တယ်။ အလုပ်တစ်ခုခု စတင်တိုင်း အခက်အခဲ များမယ်။ စီးပွားပျက်တတ်တယ်။ အိုးအိမ်နေရာ ပိုင်ဆိုင်ဖို့ ခဲယဉ်းလိမ့်မယ်။
(၆) ဂဏန်းပျောက်နေရင်
မိတ်ကောင်းဆွေကောင်း ရှားတတ်တယ်။ ငွေကြေး မရှိမရှား ဖြစ်တတ်သလို ဇိမ်ခံပစ္စည်းအသုံးအဆောင်လည်း အရနည်းတတ်တယ်။ အောင်မြင်မှုရဖို့ သူများထက် ပိုရုန်းကန်ပင်ပန်းရတတ်တယ်။ မိသားစုအသိုင်းအဝိုင်းရဲ့ အထောက်အပံ့လည်း မရဘဲ ဖြစ်မယ်။ မေတ္တာရေးမှာ ဝမ်းနည်းပူဆွေးရတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၇) ဂဏန်း ပျောက်နေရင်
အလုပ်အကိုင်မှာ ဖြစ်ဖြစ်၊ ပညာသင်ကြားရေးမှာ ဖြစ်ဖြစ် အခက်အခဲမျိုးစုံ မကြာခဏ တွေ့မယ်။ မိသားစုဆီက ကူညီပံ့ပိုးမှုတွေလည်း မရတတ်ဘဲ ကိုယ့်ဒူးကိုယ်ချွန် ရမယ်။ ကြိုးစားမှုတွေ သဲထဲရေသွန်သလို ဖြစ်တတ်တယ်။ ရုန်းကန်သလောက် အရာမထင် ဖြစ်မယ်။ စိတ်ဒဏ်ရာတွေ များပြားတတ်တယ်။
(၈) ဂဏန်း ပျောက်နေရင်
အလုပ်နဲ့ ပတ်သက်လို့ ဘယ်တော့မှ အားရကျေနပ်တယ်မရှိဘဲ အမြဲ လုပ်ကိုင်နေရမှ ကျေနပ်မယ်။ ငွေကြေး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ခက်ခဲတတ်တယ်။ စိတ်ပျက်အားလျော့လွယ်ပြီး ဘဝတည်ငြိမ်မှု ကင်းလိမ့်မယ်။ အတက်အကျ များတဲ့ဘဝမျိုး ဖြတ်သန်းရပြီး ကျန်းမာရေး၊ စီးပွားရေး အမြဲ သတိထားရမယ်။
(၉) ဂဏန်း ပျောက်နေရင်
ဘဝ တည်ငြိမ်မှု နည်းပြီး အကောင်းအဆိုးတွေ အလှည့်ကျ မြန်ဆန်တတ်တယ်။ ကိုယ်ပိုင်စွမ်းအင်နဲ့ ယုံကြည်မှု လျော့ပါးလွယ်ပြီး လိုအင်ဆန္ဒနဲ့ ပြင်းပြထက်သန်မှုတွေလည်း နည်းပါးတတ်တယ်။ စည်းမဲ့ကမ်းမဲ့ နေထိုင်လိုပြီး သြဇာအာဏာ မရှိ ဖြစ်တတ်တယ်။ တစ်ပါးသူရဲ့ခံစားချက်ကို လျစ်လျူရှုတတ်တယ်။ ဂဏန်းဗေဒင်သုတ တိုးပွားရရှိကြပါစေ။ – ဧက (ဗေဒင်သုတ)