စနေသက်ရောက် အဟောနှင့် ယတြာ
မြန်မာ့ရိုးရာ သက်ရောက်ဗေဒင်အဟောမှာ နေ့နံတိုင်း ဖြတ်သန်းရတဲ့ စနေသက်ရောက်နှစ်ဆိုတာ ရှိပါတယ်။ စနေသက်ရောက်နှစ်မှာ ဘာဖြစ်တတ်သလဲ၊ ယတြာ ဘယ်လိုချေရမလဲ ဆိုတာတွေကို ဗေဒင်သုတအဖြစ် တင်ပြလိုက်ရပါတယ်။
နေ့နံအလိုက် စနေသက်ရောက်သော အသက်ပိုင်းများ
သက်ရောက်ဗေဒင်အရ နေ့သားသမီးအားလုံးဟာ အောက်ဖော်ပြပါ အသက်ပိုင်းခြားတွေမှာ စနေသက်ရောက် ကာလကို ဖြတ်သန်းရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံး၀ ခွင့်မပြုပါ)
စနေသက်ရောက်တဲ့နှစ်မှာ ဘာတွေ ဖြစ်တတ်သလဲ
ရှေးဟောင်းကျမ်းလာ မြန်မာ့ရိုးရာဗေဒင်ပညာအရ စနေသက်ရောက်တဲ့နှစ်ကို ဇနက္ကမင်း သင်္ဘောပျက်ကိန်းနှစ် အဖြစ် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ စနေဂြိုဟ်စားသက်ရောက်ချိန်မှာ ရှေးအတိတ်က ပြုခဲ့တဲ့ အကုသိုလ်ကြောင့် အသက်ဘေး ကြုံတာ၊ စီးပွားပျက်တာ၊ သဘာဝဘေးနဲ့ ရင်ဆိုင်ရတာ စတဲ့ ဘေးဒုက္ခတွေနဲ့ ကြုံရတတ်ပါတယ်။
ဒါ့အပြင် စိတ်နှလုံး ပူပန်ကြောင့်ကျတာ၊ အနာရောဂါ ဖြစ်တာနဲ့ သူခိုး၊ ဓားပြဘေး၊ မီးဘေးတွေပါ ကြုံရတတ်ပြီး အနောက်တောင်နဲ့ အရှေ့မြောက်အရပ်တွေကို သွားရင် ဘေးအန္တရာယ် ကြုံတတ်တယ်လို့ ဆိုထားပါတယ်။
ခေတ်သစ်မြန်မာ့ဗေဒင်မှာလည်း စနေသက်ရောက်နှစ်ကို နိန္ဒံလောကဓံ (ကဲ့ရဲ့ခံရ၍ ညိုးငယ် တုန်လှုပ်ရခြင်း) ဆိုတဲ့နှစ်ကို ဖြတ်သန်းရတယ်လို့ အဆို ရှိပါတယ်။ စနေသက်ရောက်မှာ အဆိုးလောကဓံတွေနဲ့ ကြုံရတတ်ပြီး လူသေ (သို့) နာမည် သေရတဲ့ အခြေအနေမျိုးအထိ ဖြစ်တတ်တယ်လို့လည်း သတိပေးထားပါတယ်။
စနေသက်ရောက်တဲ့နှစ်မှာ ဘယ်သူတွေ ပိုခံရတတ်သလဲ
မြန်မာမွေးနှစ်ကို ၇ နဲ့ စားလို့ (၄) ကြွင်းတဲ့သူတွေဟာ စနေသက်ရောက်ရဲ့ အဆိုးဒဏ်ကို ပိုမို ခံစားရတတ်ပြီး တနင်္လာသားသမီးတွေကလည်း ဘုမ္မိဂြိုဟ် ဖြစ်လို့ စနေသက်ရောက်နှစ်တိုင်းမှာ ပို သတိထားသင့်ပါတယ်။
စနေသက်ရောက်တဲ့နှစ်မှာ ဘယ်လို ယတြာချေမလဲ
စနေသက်ရောက်နှစ်တွေမှာ အင်္ဂါနံ၊ စနေနံတွေ အညံ့ ဖြစ်လို့ တစ်နှစ်ပတ်လုံးမှာ စနေနေ့၊ အင်္ဂါနေ့တွေတိုင်းကို ပြဿဒါးလိုပဲ ရှောင်ရပါမယ်။ အရေးကြီးကိစ္စ၊ မင်္ဂလာကိစ္စတွေ လုပ်တိုင်း အင်္ဂါ၊ စနေနေ့တွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပြီး ခရီး စထွက်တာ၊ ဆံပင်ညှပ်၊ ခေါင်းလျှော်တာတွေအထိ မလုပ်သင့်ဘူးလို့ တားမြစ်ထားပါတယ်။
ယတြာအနေနဲ့ကတော့ ရဟန်း ခဏ ဝတ်တာ၊ သီလရှင် ဝတ်တာတွေ လုပ်ပေးသင့်ပြီး ယောဂီ ဝတ်တာတွေနဲ့ တရားစခန်း ရက်ပိုင်း ဝင်တာတွေကလည်း အညံ့ကို သက်သာစေတတ်ပါတယ်။ ဘုရားမှာ အုန်းညွှန့်နဲ့ သီဟိုဠ် (သို့) သပြေညွှန့်တွေကို တနင်္ဂနွေ (သို့) သောကြာနေ့ မနက်မှာ ကပ်လှူပေးရပါမယ်။
စနေသက်ရောက်မှာ ဘေးဘယာ ဝေးကွာပြီး အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ – ဧက (ဗေဒင်သုတ)