ဒီနှစ်ထဲမှာ ငွေအစုလိုက်အပုံလိုက်ဝင်ကိန်း ရှိသလား
ဒီနှစ်ထဲ ငွေတွေ အစုလိုက်အပုံလိုက် ဝင်ကိန်း ရှိသလား၊ ထီတွေ ဘာတွေရော ပေါက်ကိန်း ရှိနေမလား ဆိုတာ လူအတော်များများ သိချင်တဲ့အကြောင်းအရာတစ်ခုပါ။
ဒီတစ်ခါမှာတော့ မြန်မာ့လက်ဆန်းဗေဒင်ရဲ့ ချစ်ဖို့ ကောင်းတဲ့ တွက်နည်းတွေထဲက ဒီနှစ်ထဲ ငွေ များများစားစား ဝင်မလား၊ ထီပေါက်မလား ဆိုတာ အလွယ်တကူ တွက်ကြည့်နိုင်မယ့် နည်းတစ်ခုကို မျှဝေပေးသွားပါမယ်။
တွက်ချက်ပုံကတော့ .(၁) မိမိရဲ့ မြန်မာမွေးသက္ကရာဇ်နဲ့ လက်ရှိမြန်မာကောဇာသက္ကရာဇ်ကို ပေါင်းပါ။ (ဒီနှစ်ဆိုရင် ၁၃၈၆ ခုနှစ်ပါ) (၂) ရတဲ့ရလဒ်ကို မိမိရဲ့ မိမိမွေးနံဂြိုဟ်သက်နဲ့ ပေါင်းပါ။ (နေ့နံအလိုက် ဂြိုဟ်သက်တွေကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်)
၃) အဲ့ဒီလို အဆင့်ဆင့် ပေါင်းလို့ ရလာတဲ့ ရလဒ်ကို  ၇-နဲ့ စားလို့ (ဝ) ကြွင်းခဲ့ရင်  ၊ ၈-နဲ့ စားလို့ (ဝ) ကြွင်းခဲ့ရင် ၊ ၁၂-နဲ့ စားလို့ (ဝ) ကြွင်းခဲ့ရင် ငွေအစုလိုက်အပြုံလိုက် ဝင်ခြင်း၊ ထီပေါက်တတ်ခြင်းတွေ ကြုံရမယ့်နှစ်အဖြစ် သတ်မှတ်ပါတယ်။
စားလို့ ရတဲ့ အကြွင်းအားလုံးက (ဝ) ဖြစ်စရာ မလိုဘဲ တစ်ကြိမ်(ဝ) ကြွင်းတာနဲ့တင် ငွေဝင်ကိန်းကံ အားကောင်းတယ်လို့ သတ်မှတ်ပါတယ်။ ၂ ကြိမ်၊ ၃ ကြိမ်အထိ (ဝ) ကြွင်းတဲ့သူများအဖို့ကတော့ တစ်နှစ်အတွင်းမှာ ငွေဝင်ကိန်းတွေ တစ်ကြိမ်မက ကြုံရမှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ၁၃၅၂ ခုနှစ်မှာ မွေးတဲ့ ဗုဒ္ဓဟူးသားတစ်ဦးကို  ကောဇာနှစ် ၁၃၈၂ ခုနှစ်နဲ့ တွက်ပြပါမယ်။ မွေးဖွားတဲ့ မြန်မာသက္ကရာဇ် ၁၃၅၂ နဲ့ ၁၃၈၂ နဲ့ ပေါင်းပါမယ်။ ပြီးရင်တော့ ဗုဒ္ဓဟူးရဲ့ ဂြိုဟ်သက် ၁၇ နဲ့ ထပ်ပေါင်းပါမယ်။ စုစုပေါင်းရလဒ်ကို ၇ ၊ ၈ ၊ ၁၂ သုံးခုနဲ့ စားကြည့်တဲ့အခါ… (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဒီ အကြွင်း ၃-ခုမှာ ဝကြွင်း တစ်ခု ပါရှိထားတဲ့အတွက်  ၁၃၈၂ ခုနှစ်အတွင်းမှာ ဇာတာရှင် ဗုဒ္ဓဟူးသားဟာ ထီပေါက်သလိုမျိုး ငွေအထုပ်အထည်နဲ့ ဝင်မယ့်ကံ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ (ကိုယ်တွက်မယ့်နှစ်ကိုတော့ သတိပြုပါခင်ဗျားဒီနှစ်ဆိုရင် ၁၃၈၆ ခုနှစ်ပါ)
ဒီနေရာမှာ သတိပြုရမယ့်ကိစ္စတွေ ရှိပါတယ်။ ငွေဝင်ကိန်းကံ ရှိနေသူတွေဟာ သူတပါးငွေကြေးတွေကို  ယာယီ သိမ်းပေးမိတာ၊ ငါး ခွေး ကြောင် စတဲ့ တနင်္လာနံ သတ္တဝါတွေ မွေးမိတာ၊ အဖိုးမတန်တဲ့ ကျောက်တွေ  ဝင်တာ စတဲ့အရာတွေကို တတ်နိုင်သလောက် သတိထား ရှောင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ငွေဝင်မယ့်ကိန်းကို ကြိမ်းကျေစေတတ်လို့ ဖြစ်ပါတယ်။ ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။
ဒါဆိုရင် ဒီနှစ် ၁၃၈၅ ခုနှစ်ထဲ ငွေဝင်ကိန်း ရှိ၊ မရှိကို ကိုယ်တိုင်ရော ကိုယ့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါ တွက်ကြည့်နိုင်ပါပြီ။ ငွေဝင်ထီပေါက်ကိန်းကို လက်တွေ့ကျကျ တွက်ချက် အသုံးချနိုင်ကြပါစေခင်ဗျာ။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့်ကေပီနက္ခတ်ပညာရှင်