ယက္ကန်းစင်တောင်ဆရာတော်ကြီးရဲ့ ဂုဏ်တော်ပဒေသာကျင့်စဉ်

ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး ဦးသြဘာသ ချီးမြှင့်ခဲ့တဲ့ နေ့အလိုက် ဂုဏ်တော်ပဒေသာ ရွတ်နည်းကို အများသူငှာ ကျင့်ကြံအားထုတ် ပူဇော်နိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်။

နေ့အလိုက် ဆိုတာ နေ့စဉ်နေ့တိုင်း သက်ဆိုင်ရာဂုဏ်တော်တွေကို ဖော်ပြပါအခေါက်ရေအတိုင်း ရွတ်ဖတ်ရမှာ ဖြစ်ပြီး ရက်ပေါင်း ၉၀ အထိ မပျက်မကွက် ပူဇော်နိုင်ရမယ်လို့ ဆိုပါတယ်။

တချို့ကတော့ လွယ်လွန်းလို့ ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားကြလို့ မလုပ်ဖြစ်၊ လုပ်ဖြစ်သူတွေကလည်း ရက်ပေါင်း ၉၀ စလုံး ပြီးစီးအောင်မြင်အောင် လုပ်ဖို့ မလွယ်နဲ့ ခရီးဆုံးကို လျှောက်ဖို့ ခက်ခဲတတ်ကြပါတယ်။

ရွတ်ဖတ်ပါ၊ ပူဇော်ပါ၊ နှလုံးသွင်းပါ နေ့စဉ်မပြတ် လုပ်ရတဲ့ကုသိုလ် ဖြစ်ပြီး ဘုရားဂုဏ်တော်တွေကို ကြည်ညို ပွားများရတာ ဖြစ်လို့ ကိုယ့်ရဲ့ဆုတောင်းတွေလည်း အနှေးနဲ့အမြန် ပြည့်ဝလာမှာ အသေချာပါပဲ။

နေ့အလိုက် ရွတ်ဖတ်ပူဇော်နိုင်ဖို့ အောက်မှာ ဖော်ပြထားပါတယ်။ (ဒီစာရွက်တွေကို ရိုက်တင်ပေးထားတဲ့မူရင်း ပုံပိုင်ရှင် Pinky Pan Online Shop ကို ကျေးဇူးတင်ပါတယ်)

တနင်္လာနေ့

အင်္ဂါနေ့ ၊ ဗုဒ္ဓဟူးနေ့

ကြာသပတေးနေ့ ၊ သောကြာနေ့

 

စနေနေ့

တနင်္ဂနွေနေ့

ဂုဏ်တော်ပဒေသာ ကျင့်ကြံအားထုတ်သူတိုင်း ဆုတောင်းပြည့်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)