ငွေဝင်ကာလတွက်ချက်နည်း

တစ်နှစ်တာအတွင်း ဘယ်ကာလမှာ လုပ်ငန်းငွေကြေး ကံကောင်းမလဲ၊ ဘယ်ကာလမှာ ငွေဝင် ကောင်းမလဲ၊ စသည့်ဖြင့် ငွေဝင်ကာလကို ကိုယ်တိုင်တွက်စစ်နိုင်မည့် အနောက်တိုင်းသင်္ချာဗေဒ နည်းတစ်ခုကို ဖော်ပြပေးပါမည်။

နှစ်စဉ်နှစ်တိုင်း မိမိအတွက် ကံအားသာမည့်အချိန်ကို ကိုယ်တိုင်တွက်စစ်ပြီး ထီထိုးခြင်း၊ ကံစမ်းခြင်း ငွေကစားခြင်း စသော လုပ်ငန်းများကို ကိုယ်တိုင်တွက်စစ် အသုံးချနိုင်ပါမည်။

မိမိမွေးလနှင့် မွေးရက်ကို ချရေးပါ။ ပြီးလျှင် ပုံသေဂဏန်း ၆ လ ၂၈ ရက်နှင့် ပေါင်းပါ။ ယင်းနေ့အစ မှသည် ရက်ပေါင်း ၅၂ ရက်အတွင်းသည် မိမိအတွက် ငွေကြေးကံအားသာချိန်ဖြစ်ပေသည်။ ၎င်းမှာ နှစ်စဉ်နှစ်တိုင်းအတွက် ပုံသေဖြစ်သည်။ ဥပမာ – ၆ လပိုင်း ၁ ရက်နေ့ မွေးသည်ဆိုပါစို့။ နှစ်စဉ်ကံအားသာမည့်ကာလကို တွက်ချက်ကြည့်ပါစို့။

လ ရက်
၆   ၁ – (မွေးလနှင့်မွေးရက်)
၆ ၂၈ – (ပုံသေပေါင်းကိန်း )
————
၁၂ ၂၉ – (ကံအားသာချိန် စတင်သောရက် – ၁၂ လပိုင်း ၂၉ ရက်)
၅၂ – ( ပုံသေပေါင်းကိန်း )
————-
၂   ၂၁ – (ကံအားသာချိန် နောက်ဆုံးရက် – ၂ လပိုင်း ၂၁ ရက်)

ထို့ကြောင့် ဇွန်လ ၁ ရက်နေ့ဖွားအတွက် နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာ ၂၉ ရက်မှ ဖေဖော်ဝါရီ လ ၂၁ ရက် အတွင်းသည် ကံအားသာချိန်ဖြစ်ပါမည်။ ဖော်ပြပါကာလအတွင်း လုပ်ငန်းစီးပွားကိစ္စများ ချဲ့ထွင်ခြင်း၊ ထီကံစမ်းခြင်း၊ ငွေကစားခြင်းများ လုပ်ဆောင်ခြင်းဖြင့် အကျိုးအမြတ်ကောင်းများ ခံစားရမည်။ (မှတ်ချက် – ရက်တွင် ၃၀ ကျော်ပါက လထဲသို့ ပေါင်းထည့်ရမည် ဖြစ်ပြီး လတွင် ၁၂ ကျော်ပါက နှစ်ထဲသို့ ပေါင်းထည့်ရပါမည်)

၎င်းကာလအတွင်း မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာဗေဒင်ပညာအရ မိမိမွေးနေ့ မနက် ၆း၀၀ မှ ရး၃၀ အတွင်း စေတီတစ်ဆူ၏ မိမိမွေးနေ့ထောင့် (သို့) မိမိအိမ်က ဘုရားတွင် အညွန့်နံသင့် အစားအသောက်ကို လှူဒါန်းခြင်းဖြင့် ငွေကြေးစီးပွား အညွှန့်တလူလူ တိုးတက်ခြင်းကို ခံစားရပေမည်။

နေ့သားသမီးအလိုက် လှူဖွယ် အစားအသောက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

နေ့သား လှူဖွယ်ပစ္စည်း
၁နွေ ကိတ်မုန့်
၂င်္လာ ဇီးယို
၃င်္ဂါ လမုန့်
၄ဟူး မြေပဲဆွမ်း
၅တေး သစ်သီးဆွမ်း
၆ကြာ နွားနို့ဆွမ်း
စနေ အုန်းဆွမ်း

ဖော်ပြပါအတိုင်း မိမိတို့ မွေးရက်၊ မွေးလအလိုက် ငွေကြေးကံအားသာသော ကာလအပိုင်းအခြားတွင် မိမိ မွေးနေ့မနက်တိုင်း ၎င်းလှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် ထူးထူးခြားခြား ငွေဝင်ခြင်း လုပ်ငန်းစီးပွား အကျိုးအမြတ်ကောင်း ပေါ်ထွန်းခြင်း၊ ကြံစည်သမျှအောင်မြင်ခြင်းများ ဖြစ်ထွန်းပေမည်။

ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)