နေ့နံအလိုက် အပတ်စဉ် လာဘ်ပွင့်ဆွမ်း ကပ်လှူနည်း

ယခု ဖော်ပြမည့် လာဘ်ပွင့်ဆွမ်းလှူနည်းကို တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပေးခြင်းဖြင့် မိမိလုပ်ငန်းစီးပွား အဆင်ပြေခြင်း၊ ငွေဝင်စီးပွားတက်ခြင်းဟူသော အကျိုးကို လက်တွေ့ကျကျ ခံစားရစေမည် ဖြစ်ပါသည်။

ဆွမ်းကပ်ရမည့်အချိန်မှာ … နေ့သားသမီးအလိုက်

မိမိမွေးနေ့ မနက် ၆း၀၀ မှ ၇း၃၀ အတွင်း ဖြစ်ပြီး

မိမိနေအိမ် ဘုရားကျောင်းဆောင်တွင်ပင် ကပ်လှူနိုင်ပါသည်။

ဆွမ်းကပ်လှူပြီး မွန်းတည့် ၁၂ နာရီ မထိုးခင်အထိ ကပ်လှူထားရပါမည်။

နေ့သားအလိုက်ဆွမ်းကပ်လှူရန်မှာ …

-တနင်္ဂနွေနေ့ဖွားများ… တနင်္ဂနွေနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း ကိတ်မုန့် ၂ချပ်နှင့် ကော်ဖီ ၁ခွက် ကပ်လှူပါ။

-တနင်္လာနေ့ဖွားများ.. တနင်္လာနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း စမူဆာ ၃ ခုနှင့် ဇီးဖျော်ရည် ကပ်လှူပါ။

-အင်္ဂါနေ့ဖွားများ… အင်္ဂါနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း လမုန့် ၄ချပ်နှင့် လက်ဖက်ရည် ၁ခွက် ကပ်လှူပါ။

-ဗုဒ္ဓဟူးနေ့ဖွားများ… ဗုဒ္ဓဟူးနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း ပေါင်မုန့်  ၅ချပ် နှင့် ပဲနို့ ၁ခွက် လှူဒါန်းပါ။

-ကြာသပတေးနေ့ဖွားများ.. ကြာသပတေးနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း သီဟိုစေ့ကြော်ဆွမ်း ၁ပွဲ နှင့် သံပရာဖျော်ရည် ၁ခွက် ကပ်လှူပါ။

-သောကြာနေ့ဖွားများ…သောကြာနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း နာနတ်သီး ဆွမ်း၁ပွဲ နှင့် နွားနို့ ၁ခွက် ကပ်လှူပါ။

-စနေနေ့ဖွားများ.. စနေနေ့ မနက် ၆း၀၀- ရး၃၀ အတွင်း အုန်းဆွမ်း ၁ပွဲနှင့် အိုဗာတင်း ၁ခွက် ကပ်လှူပါ။

သတ်မှတ်ထားသော ဆွမ်းကပ်လှူခြင်းကို တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပါ။

ဆွမ်းကပ်လှူပြီး “ဇိနှောမယှံ လာဘံဒေတု” ဟူသော ဂါထာကို ပုတီး ၃ပတ်စိပ်ပေးနိုင်လျှင် ပို၍ကောင်းသည်။ မစိပ်နိုင်သူများအဖို့ သဗ္ဗဇယမင်္ဂလာဂါထာတော်ကြီးကို သက်စေ့ရွတ်ဖတ်ပူဇော်ပါ။

သဗ္ဗဇယမင်္ဂလာဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။

နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

ဤကဲ့သို့ တစ်ပတ်တစ်ကြိမ် သတ်မှတ်နေ့ရက်၊ အချိန်အခါတိုင်း ဆွမ်းကပ်လှူခြင်းဖြင့် လုပ်ငန်းစီးပွားကံဇာတာ တိုးတက်ခြင်း၊ ငွေဝင်ကောင်းခြင်း လာဘ်ရွှင်ခြင်း အကျိုးကို ဒိဌဓမ္မ ခံစားရရှိခံစားနိုင်ကြပါစေသော်…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နကတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)