မြန်မာ့ရိုးရာဗေဒင်ပညာအရ လူတိုင်း ကျန်းမာရေး အညံ့ ကြုံတတ်တဲ့၊ နေထိုင်မကောင်း ဖြစ်လွယ်တဲ့၊ တော်ရုံနဲ့ ဆေးမထိ၊ ကုမရ ဖြစ်တတ်တဲ့ နှစ်ကာလအပိုင်းအခြားတွေကို တွက်လွယ်မှတ်လွယ်အောင် ပြပေးပါမယ်။ ဒီနှစ်တွေ ရောက်တိုင်းမှာ ကျန်းမာရေး ညံ့မယ်လို့ မဆိုလိုပေမယ့် ကျန်းမာရေး ညံ့ချိန်ကို တွက်ကြည့်ရင် ဒီလိုနှစ်တွေ ဖြစ်နေတတ်တာ တွေ့ရပါလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
![](http://www.baydin.info/wp-content/uploads/2018/09/Forbetterhealthfeat.jpg)
(၁) ဘယ်နေ့သားသမီးမဆို အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းရင် ၊ (၇) ကြွင်းရင် ကျန်းမာရေး အနည်းနဲ့အများ ညံ့တတ်ပါတယ်။ ယေဘုယျဆန်ပေမယ့် ဒီအချက်ကို မှတ်သားထားသင့်ပါတယ်။ (၂) ရောက်ဆဲအသက်ကို (၈) နဲ့စားလို့ (၄) ကြွင်း သို့မဟုတ် (၇) ကြွင်းသူလည်း ဖြစ်မယ်၊ နေ့နံအရ အောက်ဖော်ပြပါ ဘုမ္မိဂြိုဟ်အိပ်ကာလတွေထဲကိုလည်း ဖြတ်သန်းနေမယ်ဆိုရင် ပို ဂရုစိုက်ရပါမယ်။
![](http://www.baydin.info/wp-content/uploads/2020/07/Unhealthy-Years-table1.jpg)
(၃) ဘယ်နေ့သားသမီးမဆို မွေးလရောက်ခါနီးနဲ့ မွေးလကျော်ပြီး တစ်လခွဲအတွင်းမှာ ကျန်းမာရေးပိုင်း အားနည်းတတ်ပါတယ်။ ဆုံးဖြတ်ချက်တွေ လွဲမှားတတ်ပါတယ်။ သတိထားရမယ့် ကာလဖြစ်ပါတယ်။
![](http://www.baydin.info/wp-content/uploads/2020/05/Health-Horoscope-2.jpg)
(၄) ကောဇာနှစ်ကို (၇) နဲ့ စားလို့ ရလာတဲ့ အကြွင်းအလိုက် သတိပြုရမယ့် နေ့နံတွေလည်း ရှိပါတယ်။ ဥပမာ ဒီနှစ် မြန်မာလို ၁၃၈၄ ခုနှစ်ကို (၇) နဲ့ စားရင် (၅) ကြွင်းပါတယ်။ အောက်ပါဇယားအရဆိုရင် ဒီနှစ်ထဲမှာ တနင်္ဂနွေသားသမီးတွေ ကျန်းမာရေး ဂရုစိုက်ရပါလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
![](http://www.baydin.info/wp-content/uploads/2020/07/Unhealthy-Years-table2.jpg)
(၁) ကနေ (၄) အထိ တွက်နည်းတွေအရ သတိထားရမယ့် နှစ်အပိုင်းအခြားတွေထဲ ရောက်လာပြီဆိုရင် ကိုယ့်ကျန်းမာရေးကို ခါတိုင်းထက် ပို ဂရုစိုက်ဖို့ လိုလာပြီလို့ မှတ်သားထားပါ။ အပ်နဲ့ ထွင်းရမယ့် ကိစ္စမှာ ပုဆိန်နဲ့ ပေါက်ရသလိုလည်း ဖြစ်တတ်တာမို့ အစကတည်းက ဆင်ခြင်သတိပြု နေထိုင်ဖို့လည်း မှာချင်ပါတယ်။ ယေဘုယျယတြာအနေနဲ့ ငါးလွှတ်၊ ငှက်လွှတ် စတဲ့ ဇီဝိတဒါနအလှူမျိုးနဲ့ ဆေးဝါးအလှူဒါနမျိုးကို ပြုလုပ်ထားသင့်ပါတယ်။
(၇) ရက်သားသမီးအားလုံး ကျန်းမာဘေးကင်း ရောဂါရှင်းကြပါစေ – ဧက (ဗေဒင်သုတ)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)