ကျန်းမာလန်းဖြာယတြာ

အာရေဂျံ ပရမံလာဘံလို့ ဘုရား ဟောခဲ့သလိုပဲ လူတစ်ယောက်ဟာ ကျန်းမာရေး ချို့တဲ့သွားပြီ ဆိုတာနဲ့  ရှာဖွေနေသမျှ ဓနဥစ္စာတွေ ၊ ပိုင်ဆိုင်ထားသမျှ ရာထူးတွေ ၊ ချစ်ရသမျှ သံယောဇဉ်တွေ ဘာတစ်ခုမှ မချိုမြိန်နိုင်တော့ပါဘူး။  ဒါကြောင့် လူတစ်ယောက်မှာ ပထမဆုံးအနေနဲ့ အရေးကြီးတာကတော့ ကျန်းမာနေဖို့ပါပဲ။ ဒါကြောင့်လည်း ကျန်းမာမှ ချမ်းသာမယ်လို့ ဆိုရိုးရှိခဲ့တာပါ။

ကျန်းမာနေတုန်းမှာ ကျန်းမာရေးဆိုတာဟာ အရေးမကြီးကြပေမယ့် ၊ နာမကျန်း ဖြစ်လာပြီ ဆိုရင်တော့ ကျန်းမာရေးခြင်းသည်သာ အဖိုးအတန်ဆုံး ရတနာတစ်ပါးလို ဖြစ်လာတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီကနေ့ မကျန်းမာသူ  အများအပြားအတွက် လက်ဆောင်တစ်ခု ပါးချင်တာကတော့ ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်မှာ အသက်ကိုရှင်သန်စေသော အာယုဂြိုဟ်ဟာ အရေးပါလှသည်ဖြစ်ခြင်းကြောင့် ကျန်းမာရေး ညံ့နေကြတဲ့ စာဖတ်ပရိသတ်များအဖို့ မိမိတို့ရဲ့အာယုဂြိုဟ် ဖြစ်သော ဂြိုဟ်တိုင်ထောင့်မှာ  ကုသိုလ်များများ ပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အာယုဂြိုဟ်ဆိုတာကို မသိကြမယ့် စာဖတ်ပရိသတ်တွေ အတွက်လည်း  အောက်မှာ နေ့နံများအလိုက်   အာယုဂြိုဟ်တွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ တနင်္ဂနွေသားတစ်ဦး ကျန်းမာရေး အထောက်အကူဖြစ်စေဖို့အတွက် အာယုဂြိုဟ် ဖြစ်သော တနင်္လာနေ့မှာ  ဘုရားကိုသွားပြီး  တနင်္လာထောင့်မှာ ကံ့ကော် ၁၅ ညွန့်လှူမယ်။  ရေကုသိုလ်ပြုပါမယ်။ ပုတီးစိပ်၊ တရားမှတ် ကြိုက်တာကို အဲသည့်ထောင့်မှာ အချိန် ရသလောက် ကုသိုလ်ယူပါ။ ကြိုက်တာ ရွတ်ဖတ်ပါ။ အဓိကက ကုသိုလ်စိတ်ကလေး များများနဲ့ အားထုတ်နိုင်ခဲ့ဖို့ပါပဲ။ အဲဒီ့နေ့မှာပဲ  ကလေးငယ်တွေကို ဖျော်ရည် မုန့်ပဲသရေစာ စသည်တို့ကို ဒါနပြုပါမယ်။ ဆရာရေးထားတာ ဖျော်ရည်ပဲပါတယ်လေ လို့ ဆင်ခြေ မပေးလိုက်ပါနဲ့။ ယတြာထက် စေတနာကို ရှေ့ကသွားပါ။

ကလေးသူငယ်တွေ ဆိုရာမှာလဲ ကိုယ့်အနားပတ်ဝန်းကျင်က ကလေးငယ်လေးတွေကို ဒါနပြုနိုင်သလို ဖြစ်နိုင်ရင် မိဘမဲ့ ကလေးသူငယ်လေးတွေအတွက်  သွားရောက်ဒါနပြုတာမျိုး လုပ်နိုင်အောင် ကြိုးစားပါ။ မယုံရင် လုပ်ကြည့်လိုက်စမ်းပါ။  တနင်္ဂနွေ သားသမီးတွေအတွက် သည်ကောင်းမှု ကုသိုလ်ပြုယတြာလေးဟာ အင်မတန် အံဝင်ခွင်ကျ ရှိလှပါတယ်။

သက်တမ်းကုန်လို့  သေကံ တကယ်ရောက်နေသူမျိုးနဲ့ ဝဋ်ကြွေးကြောင့် ခံစားနေရတဲ့ ဝေဒနာရှင်မျိုးတွေသာ ထိရောက်မှု နည်းပါမယ်။ ဒါတောင် အတိုင်းအတာတစ်ရပ်အထိ အကျိုး သက်ရောက်မှု ပေးနိုင်ပါတယ်။ တစ်ကယ်ထိရောက်ဖို့အတွက် အရေးကြီးတာလေးတော့ မှာလိုက်ပါရစေ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ငါ့ရောဂါပျောက်ဖို့ ငါကျန်းမာဖို့ ဆိုတဲ့ အတွေးကို ဒုတိယနေရာမှာထားပါ။ ငါပြုတဲ့ ကုသိုလ်ပါလား ဆိုတဲ့ ပီတိစိတ်ကလေးနဲ့ အရင်ဆုံး ချမ်းမြေ့ပါ။ မိမိပြုတဲ့ကုသိုလ်အမှု ဒါနကြောင့် ချမ်းသာရာ ရရှိနေသူတွေကိုလည်း ကြည့်ပြီး စိတ်ချမ်းသာလိုက်ပါဦး ။  လောကမှာ သူတစ်ပါး ကောင်းစားတာကို ချမ်းသာတတ်သော စိတ်နှလုံးရှိသူတိုင်းကို ဒီယတြာလေးက အံ့သြလောက်အောင် ဖေးမပေးနိုင်ပါလိမ့်မယ်။

အားလုံးပဲ ကျန်းမာလို့ ချမ်းသာနိုင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)