ဇူလိုင် ၂ ရက်၊ နေကြတ်ခြင်းနဲ့ ရာသီဖွားအဟော

နေနဲ့ ကမ္ဘာကြားထဲ လက ဖြတ်သန်းရောက်ရှိတာကို နေကြတ်တယ်လို့ ခေါ်ပါတယ်။ နေကြတ်လကြတ်ဖြစ်စဉ်ရဲ့ ရာသီဖွားတွေအပေါ် အကျိုးသက်ရောက်မှုဟာ အနည်းဆုံး (၃) လကနေ (၆) လအထိ ရှိတယ်လို့လည်း နက္ခတ်ဗေဒင်ကျမ်းတွေက ဆိုပါတယ်။ များသောအားဖြင့် နေလကြတ်တာဟာ ကမ္ဘာ့ရာသီဥတု၊ သဘာဝဘေးနဲ့ အစိုးရမင်းတွေအပေါ်မှာ ပိုပြီးတော့ လွှမ်းမိုးမှု ရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီတခါ ဇူလိုင် ၂ ရက်နေ့ နေအလုံးစုံ ကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာအပါအဝင် နိုင်ငံအတော်များများကနေ မြင်ရမှာ မဟုတ်ဘဲ ချီလီနဲ့ အာဂျင်တီးနားနိုင်ငံတွေကပဲ ညနေ နေဝင်ခါနီး ၃ မိနစ်လောက်အလိုမှာမှ မြင်တွေ့ကြရမှာပါ။ ရာသီဥတု ကောင်းမယ် ဆိုရင် ပစိဖိတ်နဲ့ တောင်အမေရိကနိုင်ငံတချို့က တစ်စိတ်တစ်ပိုင်း နေကြတ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇူလိုင် ၂ ရက်နေ့ နေကြတ်မှုဖြစ်စဉ်မှာ ကရကဋ်၊ မိဿ၊ တူနဲ့ မကာရရာသီဖွားတွေက အများဆုံး သက်ရောက်မှု ရှိလာမယ်လို့ တွက်ချက် တွေ့ရှိရပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) တွေက မိသားစုနဲ့ အလုပ်အကိုင်အရေးတွေမှာ သိသာထူးခြားတဲ့ ပြောင်းလဲဖြစ်ပျက်မှုတွေကို ကြုံတွေ့ရတတ်ပါတယ်။ နိုင်ငံရပ်ခြားကိစ္စတွေ အဆင်ပြေလာဖို့ ရှိပေမယ့် တစ်ဖက်မှာ အကြီးအကဲ၊ အစိုးရတွေ နဲ့ ပတ်သက်လို့ ဖိအားပြဿနာတွေ အနည်းနဲ့အများ ရင်ဆိုင်ရတတ်ပါတယ်။ ဥပဒေမကင်းတာတွေကို ရှောင်ပါ။ ဒါကိုတော့ သတိပြုရပါမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) တွေက ကိုယ့်ကျန်းမာရေး၊ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ်မှာ ပိုပြီး အာရုံစိုက် ရပါတော့မယ်။ ကိုယ့်ရဲ့ နေထိုင်စားသောက် ရှင်သန်မှုပုံစံကို ပြောင်းလဲရပါမယ်။ ဘာသာရေး လုပ်တာ၊ တရားထိုင်တာတွေမှာ ပိုကောင်းလာနိုင်ပါတယ်။ ချစ်သူ၊ အိမ်ထောင်ဖက်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရာမှာ ပြဿနာ ဖြစ်လွယ်လို့ ဂရုပြုရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) တွေက အလုပ်အကိုင်၊ ရာထူးနေရာနဲ့ ပတ်သက်လို့ ပြောင်းလဲ ဖွဲ့စည်းမှုသစ်တွေ ရှိလာနိုင်ပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ ၇ ရက်အတွင်း မွေးဖွားသူဆိုရင် ဘဝအပြောင်းအလဲ ဖြစ်လာနိုင်ပြီး ၉ ရက်ကနေ ၁၈ ရက်အတွင်း မွေးဖွားရင် အတိုက်အခံ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ အလုပ်ဘက်ကို အာရုံစိုက်ရပါမယ်။

(ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ) မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) တွေက အများနဲ့ ဆက်ဆံရာမှာ ပြဿနာ ဖြစ်လွယ်နေပါတယ်။ ကိုယ့်မိတ်ဆွေ၊ ရင်းနှီးသူတွေ နဲ့ ဆက်ဆံရာမှာ သတိထားဖို့ လိုပါတယ်။ အဆင်မပြေတာတွေ ညှိနှိုင်းပါ။ နားလည်မှုကို တည်ဆောက်ယူပါ။ သိသာထင်ရှားတဲ့ ဘဝ ပြောင်းလဲမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒါတွေကို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရပါမယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)