ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – အလုပ်စီးပွားကံဇာတာ ပုံမှန်ထက် ကောင်းမွန်နိုင်သော်လည်း လက်ရှိအလုပ်မှ ပြောင်းရွှေ့ခြင်း၊ အလုပ်နေရာသစ် ရှာဖွေခြင်း၊ လုပ်ငန်းသစ် ပြောင်းလဲခြင်းတို့ကို မလုပ်မိရန် သတိပြုပါ။ အပြောင်းအလဲများကို လုပ်မိပါက ကိုယ်မျှော်လင့်သလို ဖြစ်မလာဘဲ အခက်အခဲ များတတ်သည်။

လုပ်ငန်းခွင်၌ အခြေအတင် ဖြစ်ခြင်း ၊ အကြီးအကဲများနှင့် အတိုက်အခံ လုပ်ရခြင်းမျိုးလည်း ရှိလိမ့်မည်။ ငွေကြေးအခြေအနေလည်း အားနည်းမည်။

မေတ္တာရေးရာ – လဆန်းနှင့်လလယ်ရက်များတွင် နှလုံးသားရေးရာပြဿနာများ ဖြစ်ပွားတတ်သည်။ နှစ်ဦးကြား တတိယလူ ဝင်လာခြင်း၊ အရှုပ်အရှင်းများ ဘူးပေါ်သလို ပေါ်လာခြင်း၊ မမျှော်လင့်သော ပဋိပက္ခများ ဖြစ်ပွားခြင်း စသည့် မေတ္တာရေး နာကျင်ခံစားမှုများ ရှိလာနိုင်သည်။ လနှောင်းပိုင်းတွင်မှ အခြေအနေများ ပြန်ငြိမ်သက်မည်။

အခြားကဏ္ဍများ – ယခုလ ၁၅ ရက်အတွင်း စိတ်လေခြင်း၊ အထီးကျန်ခြင်း၊ အလိုမကျခြင်းများ ခံစားရလိမ့်မည်။ ဘယ်သူနှင့်မှ မပြောချင် မဆက်ဆံချင်ဘဲ တစ်ကိုယ်တော်လို ဖြစ်နေတတ်သည်။ ကျန်းမာရေး အားနည်းမှုများ ဖြစ်ပွားခံစားရတတ်သည်။ အစားမှားဆေးမှားကိစ္စ သတိထားရမည်။ မိသားစုထဲတွင် အမြင်မတူ ကွဲလွဲမှုများနှင့် အငြင်းပွားစရာများ ရှိလာလိမ့်မည်။ လူမှုဆက်ဆံရေးတွင်လည်း အထင်မှားအမြင်မှားခံရသည်များ ရှိလာမည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)