ငွေကြေးစီးပွား – မိသားစုအရေးနှင့် လုပ်ငန်းစီးပွားကိစ္စကြားတွင် ဘေးကျပ်နံကျပ် ဖြစ်လာလိမ့်မည်။ အလုပ်များ ရှုပ်ထွေးများပြားလာနိုင်သလို မိသားစုထဲတွင်လည်း ပြဿနာကြီးငယ်တချို့ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် လုပ်ငန်းအပေါ် အာရုံစူးစိုက်မှု နည်းပြီး အလုပ်ပျက်အကိုင်ပျက် ထိခိုက်မှုများ ဖြစ်လာမည်။ လုပ်ငန်းခွင်ထဲတွင် အချင်းချင်း အမြင်မကြည်လင်စရာများလည်း ဖြစ်ပွားတတ်သည်။ ငွေကြေးကိစ္စတွင် ရှာရဖွေရခက်သလောက် ထွက်စရာကလည်း ကြံဖန် များလာလိမ့်မည်။ မလိုအပ်သော အသုံးအစွဲများ၊ ဖြုန်းတီးမှုများကို သတိပြုရမည်။ မေတ္တာရေးရာ – အချစ်ရေးကံဇာတာ ပုံမှန်သာ ရှိနေနိုင်ပြီး လလယ်ပိုင်းရက်များတွင် အချင်းချင်း စိတ်တိုင်းမကျ ပေါက်ကွဲချင်စရာများ ဖြစ်ပေါ်လာတတ်သည်။ နှစ်ဦးကြားတွင် သူတပါးက ဝင်စွက်လာနိုင်သလို ကိုယ်ကလည်း ဆတ်ဆတ်ထိမခံအောင် ဖြစ်နေ၍ မပြေမလည် ဖြစ်တတ်သည်။ စိတ်ရှည်သည်းခံမှုကို အမြဲလက်ကိုင်ပြုရမည်။ အခြားကဏ္ဍများ – ဒူးနာ၊ သွားနာခြင်း၊ […]
