သမ္ဗဒါနကာရက အမည်ရှင်များအကြောင်း

တနင်္ဂနွေနံ အစပြု + အင်္ဂါနံအဆုံးပြု ထားသော အမည်

တနင်္လာနံအစပြု + ဗုဒ္ဓဟူးနံအဆုံးပြုထားသောအမည်

အင်္ဂါနံအစပြု + စနေနံအဆုံးပြုထားသောအမည်

ဗုဒ္ဓဟူးနံအစပြု + ကြာသာပတေးနံအဆုံးပြုထားသောအမည်

ကြာသာပတေးနံအစ + သောကြာနံအဆုံးပြုထားသောအမည်

သောကြာနံအစ + တနင်္လာနံအဆုံးပြုထားသော အမည်

စနေနံ အစ + ရာဟုနံအဆုံးပြုထားသောအမည်

အထက်ပါအမည်များအားလုံးကို သမ္ဗဒါနကာရကအမည်တွေလို့ ခေါ်ပါတယ်။

ဒီအမည်ရှင်တွေသည်…အခြားသောအမည်ရှင်များထက် …

ပတ်ဝန်းကျင် ၊ အသိုက်အဝန်း၊ မိမိကျင်လည်ရမည့်နယ်ပယ်ကို ရွေးခြယ်တတ်ကြဖို့လိုပါတယ်။ ဘယ်သူနဲ့လက်တွဲမလဲ ဆိုသည့်မေးခွန်းသည် သည်အမည်ရှင်တွေအတွက် သိပ်အရေးကြီးတဲ့ မေးခွန်းမျိုးပါပဲ။

မိမိက ဘယ်လောက်ပဲ စိတ်ခိုင်သည်ဖြစ်စေ…တံငါနားနီး တံငါ ၊ မုဆိုးနားနီးမုဆိုး….ဘဝအရောင် လိုက်ပါပြောင်းလည်းသွားတတ်မှု အရှိဆုံး အမည်ရှင်တွေဟာ ဒီအမည်ရှင်တွေလို့ ဆိုရမှာပါ။

ဒါကြောင့်လည်း ဒီအမည်ရှင်တွေအဖို့ ပတ်ဝန်းကျင်ကောင်း၊ မိတ်ကောင်း၊ လက်တွဲဖော်ကောင်း ပိုမိုလိုအပ်ခြင်းပဲဖြစ်ပါတယ်။

ဒီအမည်ရှင်တွေဟာ တစ်ယောက်ထဲ လုပ်နိုင်သည့်တိုင်အောင်..အခြားလူတွေနဲ့ လက်တွဲလုပ်ကိုင်ကြည့်ဖို့၊ အတူတစ်ကွ ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်ကြည့်ဖို့ကိုလည်း စိတ်အားထက်သန်တတ်ကြပါတယ်။

စာရှည်ရှည်သိပ်မရိုက်နိုင်သေးတာမို့ အနှစ်ချုပ်ခဲ့ပါရစေ။

ဒီအမည်ရှင်တွေသည် ချမ်းသာချင်ရင် …ချမ်းသာသူတွေ နဲ့ ထိတွေ့နီးစပ်နေမယ့်နယ်ပယ်တွေကို ရွေးခြယ် ကျင်လည်သင့်ပါတယ်။ ထို့နည်းတူ….အောင်မြင်ချင်ရင်…ပညာလိုချင်ရင်…စသည်ဖြင့် မိမိတို့ အလိုရှိရာ အကျိုးစီးပွားနဲ့ အနီးစပ်ဆုံးဆက်နွယ်နေမည့် နယ်ပယ်တွေမှာ လက်တွဲဖော်တွေ၊ အပေါင်းအဖော်တွေ၊ ထိတွေ့ဆက်ဆံမှုတွေ …များများပြုလုပ်သွားနိုင်ဖို့ အထူးလိုအပ်ပါသည်ခင်ဗျား။

အားလုံးသော သမ္ဗဒါနကာရက အမည်ရှင်များသည် ချမ်းသာခြင်းရှိကြပါစေသတည်း။

လေးစားစွာဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

ဆက်သွယ်ရန်ဖုန်း – 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)