အင်္ဂါနေ့ဖွားများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

ဒီတစ်နှစ်ကတော့ အင်္ဂါနေ့ဖွားတွေ….ရုန်းရ ကန်ရ…ပင်ပန်းရမယ့်နှစ်ပါပဲ။ လူတွေကလည်း ကိုယ့်ကို မြင်လိုက်တာနဲ့ကို ဘာခိုင်းရမလဲ၊ ဘာအကျိုးဆောင်ခိုင်းရမလဲ။ ဘယ်လိုနင်းလိုက်ရမလဲ…တွေးထင်.. .မြင်ယောင်မိနေကြမယ့်နှစ်ပါပဲ။

အခိုင်းခံရတော့ ကိုယ်၊ အပယ်ခံရ၊ အပြစ်တင်ခံရတော့လည်း မိမိဆိုတာလို ဖြစ်လာတတ်သည့် နှစ်မျိုးပါပဲ။ မာနတွေကို ခဝါချနိုင်သလောက် ချပြီး… အခမဲ့အကျိုးဆောင်မှုတွေ ဖောဖောသီသီသာ လုပ်ပေးနိုင်ဖို့ ပြင်ထားကြပေတော့ခင်ဗျား။

အလုပ်အကိုင်နှင့် စီးပွားရေး

အလုပ်တစ်ခုလုပ်လက်စ မပြီးသေးမီ..နောက်တစ်ခုကို ပြောင်းလုပ်လိုက်ရတတ်သော နှစ်မျိုးပါ။ ဟိုဟာလည်း မပြီးသေး…၊ သည်ဟာလည်း အဆုံးထိမရောက် …တောင်ပြေးလုပ်လိုက်ရ…မြောက်ပြေးလုပ်လိုက်ရ ဖြစ်တတ်သော နှစ်မျိုးလို့ ဆိုပါစို့။

အလုပ် မဆိုးပါ။ အလုပ်တွေ ကို အပြိုင်အဆိုင် အတိုက်အခံ များလာသည်အထိကို လုပ်နေရတတ်ပါသေးတယ်။ ဒီတစ်နှစ်ထူးခြားတာက…အကျိုးစီးပွား ရှာဖွေရေးမှန်သမျှမှာ.. အင်္ဂါနေ့ဖွားတွေအဖို့…အပြိုင်အဆိုင် ရန်သူပြိုင်ဘက်တွေ များလာနိုင်ခြင်းပါပဲ။

ဘယ်လောက်ပဲ အလုပ်နဲ့ စီးပွားရေးမှာ…ကောင်းနေပါစေဦး..အခမဲ့အကျိုးဆောင်ပေးမှုလေးတွေလည်း ..လုပ်ကိုလုပ်ပေးသင့်တဲ့နှစ်မျိုးပါ။ မလုပ်ပေးမိရင်တော့….ရည်ရွယ်ချက်တစ်ချို့ ပျက်ရတာတွေ၊ ဆုံးရှုံးရတာလေးတွေလည်း တွဲပါလာပါလိမ့်မယ်။ ဒါကြောင့် ဘာအလုပ်နဲ့ပဲ အသက်မွေးမွေး သည်တစ်နှစ်တော့ …မိမိရရှိသည့် အကျိုးစီးပွားတွေထဲကနေ ဖြစ်နိုင်သမျှ များများလှုပေးပါ။

ချစ်မှုရေးရာ နှင့် အိမ်ထောင်ရေး

ချစ်မှုရေးရာ…မှာ ပွေလီလွယ်တတ်သော ကာလမျိုးပါ။ မုန့်စားရင်းလှည်းစီး..ငါးရံနှစ်ကောင်ဖမ်း ဇာတ်လမ်းမျိုးလေးတွေ ..ကြုံလွယ် ဖြစ်လွယ်သော ကာလလို့ ဆိုနိုင်ပါတယ်။

တိတ်တိတ်ပုန်း ဇာတ်လမ်းမှာ …မင်းသားမင်းသမီး ဖြစ်လိုက်တာနဲ့ ရှေ့လာမယ့် ၁၃၈၇ နှစ်ထဲမှာ မေတ္တာရေး ကမောက်ကမ ဖြစ်ဖို့ အတွက် စရံသပ်လိုက်သလိုပဲ သေချာသွားနိုင်ပါတယ်။ ဒီတစ်နှစ်လုပ်မိမယ့် အမှားတွေရဲ့ နောက်ဆက်တွဲရလာဒ်ကို…နောက်တစ်နှစ် ၁၃၈၇ မှာ အဖြေပြန်ထွက်သွားမှာ ဖြစ်ပါတယ်။

လူပျိုအပျိုတွေ မှာ ..ချစ်မှု ရေးရာကဏ္ဍ မှာ ရွေးရခက်စရာအခြေအနေတွေ ပေါ်ပေါက်နိုင်သလို…..
အိမ်ထောင်သည် တွေ အဖို့…ပိုတောင်ဂရုစိုက်ရပါလိမ့်မယ်။

မူလဇာတာမှာ အိမ်ထောင်ရေးကံ ကြံ့ခိုင်သူအဖို့ ဒီတစ်နှစ်သည် ပြသနာမရှိပေမယ့်…၊ မူလဇာတာမှာကတည်းက အိမ်ထောင်ရေးနဲ့ ချစ်မှုပွေတတ်သော ကံပါလာသူများအဖို့ကတော့.သည်တစ်နှစ်မှာ မုချ ကြိတ်ကြိတ်..တိုးတိုး..လျှို့ဝှက်ဇာတ်လမ်းလေးတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

မူလဇာတာ ကြံ့ခိုင်သူတွေမှာတော့….အိမ်ထောင်ဘက်ဖြစ်သူ ခရီးယာယီများပြားခြင်း မျိုး ဖြစ်လာတာကို ထူးခြားမှု ကြုံလာရတတ်ပါတယ်။ ဘာပဲပြောပြော သည်တစ်နှစ်ကတော့ အင်္ဂါနေ့ဖွားတွေအဖို့ အချစ် အတက် ထွက်လွယ်စေသော နှစ်တစ်နှစ်ပါပဲ။ ဂျင်းတက်တွေလို အတက် ထွက်လွယ်သော ကာလ ဆိုကြပါစို့။

ပညာရေး.

မနှစ်က ပညာသင်ကြားရေးဆိုင်ရာတွေမှာ အခက်အခဲ များခဲ့သမျှ…ဒီတစ်နှစ် ပြန်လည်ပြီး အခွင့်အလမ်းကောင်းတွေ ပြန်လည်ပေါ်ပေါက်လာနိုင်ပါပြီ။ သင်တန်းကောင်းတွေ၊ ကောင်းသော သင်ကြားခွင့်တွေ ပြန်လည်ရရှိတတ်သော ကာလပါ။ မထင်မှတ်ဘဲ…ပညာရှင်များရဲ့ ပံ့ပိုးမှုကိုလည်း ရလွယ်သော ကာလဖြစ်ပါတယ်။

ကျန်းမာရေး

အလွန်ကျဆင်းလွယ်သော နှစ်ပါ။ တစ်နှစ်လုံး…သတိကပ်ထားမှ တော်ရုံကျမယ့်နှစ်ပါ။ အလိုလိုခွန်အားဆုတ်ယုတ်နေတတ်ခြင်း၊ အဆုတ် နှင့် လေရှုပြွန်ဥပါဒ်၊ ဝမ်းရင် ဥပါဒ်ပေးခြင်း၊ လေကြောင့် ဥပါဒ်ပေးခြင်း၊ အာရုံကြောပင်ပန်းနွမ်းနယ်တတ်ခြင်းတွေ..အထူးဂရုစိုက်မယ့်နှစ်မျိုးပါ။ အချို့သော အင်္ဂါနေ့ဖွားများ အရေပြားပေါ်မှာ ဥပါဒ် အထူးပေးလာတတ်ပါတယ်။

နဂိုကတည်းက အတက်ရောဂါ ရှိသူတွေ ဒီနှစ်မုချ …ရောဂါလက္ခဏာ ပြန်ပေါ်လာပါမယ်။ သတိပြုရပါလိမ့်မယ်။

အထွေထွေ သုံးသပ်ချက်

လူတွေက ကိုယ့်ကို မြင်တာနဲ့ ခိုင်းချင် လာပါမယ်။ လုပ်ပေးနိုင်တာ ဆိုရင် ..အခမဲ့ပဲ ဖြစ်ဖြစ်… စေတနာ့ဝန်ထမ်း လုပ်ပေးလိုက်သင့်သော နှစ်မျိုးဖြစ်ပါတယ်။ သူတစ်ပါးအကျိုးဆောင်မှ…ကိုယ့်အကျိုးအောင်မယ့် …အရှင်းဆုံး ဥပမာနဲ့ ကိုက်ညီနေသော နှစ်မျိုး ဖြစ်ပါတယ်။

အတ္တဟိတ အကျိုးစီးပွားအတွက် ရှေးရှုလိုက်တိုင်းမှာတော့…..နေရာတိုင်းမှာ အပြိုင်အဆိုင်ပါလာပါမယ်။ လူပုဂ္ဂိုလ်တွေမပြောနဲ့ သာသနာ့ဘောင်က ရဟန်းတွေမှာတောင် ..အင်္ဂါနေ့ဖွားရဟန်းတော်များအဖို့ လောကုတ္တရာအကျိုးစီးပွား ရှာဖွေရာမှာ…အနှောက်အယှက် ရန် မကင်းဘဲ ဖြစ်ရတတ်ချိန်ပါ။ (လေ့လာကြည့်ပါ)။

ဗုဒ္ဓဘာသာဝင်များအဖို့…ဒီတစ်နှစ်မှာ အမျှကုသိုလ်များများဝေပါ။ ဘာကောင်းမှုပဲ ပြုမိသည်ဖြစ်စေ .မမေ့မလျော့အမျှဝေပေးပါ။ ပရလောကမှ …လိုအပ်နေသူအချို့ က…မိမိတို့ဆီမှ အမျှပေးမှုကို မျှော်လင့်နေတတ်သော နှစ်မျိုး ဖြစ်လို့ပါပဲ။

ဒီတစ်နှစ်…မှာ…လိုအပ်ရင် အနားယူပါ။ လောဘမကြီးပါနဲ့။ ကိုယ်တိုင်က ….နားချိန်မပေးရင်…၊ သဘာဝတရားက ကိုယ့်ကို နားပစ်ပါလိမ့်မယ်။ အလုပ်ကနေ ခွင့်ယူသင့်ရင်ယူပါ။ (ခွက်ရက်ရှည်အထိယူပစ်ပါ။)

အချိန်ဖြုန်းပါ။ ဒီနေရာမှာ ဖြုန်း ဆိုတာကို ဘာကြောင့်သုံးရသလဲ ဆိုတော့…အချိန်တစ်ချို့ မုချလေလွင့် ဆုံးရှုံးနိုင်တဲ့ နှစ်မျိုးဖြစ်လို့ပါပဲ။ ဆိုတော့…လွတ်ကျမှာနဲ့စာရင် သေချာစနစ်တစ်ကျ လွှတ်ချပါ။

အချိန်ဖြုန်းရာမှာ….မိမိသူတစ်ပါး မထိခိုက်စေမယ့်နည်းနဲ့….အများအတွက်ကောင်းကျိုးဖြစ်စေမယ့်နည်းနဲ့ ဖြုန်းလိုက်ပါ။ ကိုယ်ပိုင်အချိန်တစ်ချို့ ဆုံးရှုံးသွားပေမယ့် အများအတွက် အကျိုးဖြစ်ေ်စမယ်ဆိုရင်…ဒီတစ်နှစ်မှာ ကြုံလာနိုင်တဲ့…မျှော်လင့်ထားသမျှတက်တက်စင်အောင် လွဲကုန်တတ်ခြင်း ကံကို…..မုချ သက်သာသွားပါလိမ့်မယ်။

ဒီတစ်နှစ်က အင်္ဂါနေ့ဖွားတွေအတွက် အပယ်ခံနှစ်၊ အနင်းခံနှစ်၊ အမုန်းခံနှစ် လို့လည်း ဆိုနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ကျိုးစီးပွားကိုရှေ့တန်းတင်လေလေ……..ထိုကံမျိုး တည့်တည့်သင့်လာတတ်လေလေပါပဲ။ အဲ….. ပရဟိတ အကျိုးစီးပွားကို ရှေးရှုမယ်ဆိုရင်တော့…..လွန်ကဲလှစွာ နဲ့ပဲ……နွံထဲက ကြာပမာ ပြန်လည်တင့်တည်လာမည်ဖြစ်ပါကြောင်း။

ဆောင်သင့်/ ရှောင်သင့်

ဒီတစ်နှစ် အားအရလောက်ဆုံး အကျိုးပြုသည့်ဘက်ကို ပါလာနိုင်တဲ့ ဂြိုဟ်ကောင်းကတော့ ကြာသာပတေးဂြိုဟ် (ဘုမ္မိ) ဂြိုဟ်ပါ။ အင်္ဂါနေ့ဖွားတွေအတွက် အကျိုးပေးအား မသန့်ရှင်းသည့်တိုင်အောင် ….ဒီတစ်နှစ်အဖို့ တော့ …သူသည် အတန်အသင့် အကျိုးပြုလာပါလိမ့်မယ်။ ဒါကြောင့် နံ့သာရောင် ၊ ဝါညိုရောင်တို့ကို အသုံးပြုနိုင်သလို..၊ အဖြူရောင်ကိုလည်း အသုံးပြုနိုင်ပါတယ်။

အထူးသဖြင့် မင်္ဂလာမောင်မယ် တို့ မှာ အဖြူရောင်သည် အင်္ဂါနေ့ဖွားတွေအတွက် ..သည်တစ်နှစ်အဖို့ ..မင်္ဂလာကျက်သရေ တည်နေတဲ့အရောင်ဖြစ်ပါတယ်။ ထီထိုးမယ်ဆိုရင် ကြာသာပတေးနေ့မှာ ထိုးပါ။ ၅၊ ၂၊ ၉ ဂဏန်းများ အကျိုးပြုနိုင်ပါတယ်ခင်ဗျား။

(မည်သည့် စီးပွားဖြစ်လုပ်ကိုင်နေသော အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများတွင် မဆို ကူးယူဖော်ပြခြင်း၊ ခွင့်ပြုချက် မရဘဲ အသုံးပြုခြင်းများ မပြုရန် အသိပေးအပ်ပါသည်)

အားလုံးကိုလေးစားစွာဖြင့်
ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)