အိန္ဒိယဗေဒင်ဆရာလေးရဲ့ ကမ္ဘာ့ရေးရာ ဟောကိန်းအသစ်

ကိုဗစ်ကပ်ရောဂါ ဖြစ်လာမှာကို ကြိုတင် ခန့်မှန်း ဟောပြောနိုင်ခဲ့တဲ့ အိန္ဒိယက ဆယ်ကျော်သက် ဗေဒင်ဆရာ လူငယ်လေးဟာ လအတော်ကြာကြာ ပျောက်နေခဲ့ရာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ သူ့ရဲ့ YouTube Channel ကနေ နက္ခတ်ဗေဒင်ဟောကိန်းနဲ့ ယတြာနည်းလမ်းတွေကို ဟောပြောလာတာ တွေ့ရပါတယ်။

ဒီဗေဒင်ဆရာလေးရဲ့ ဟောပြောချက်ကို လုံးဝ ပစ်ယုံဖို့ မဟုတ်ပေမယ့် လေ့လာ သတိပြု ဆင်ခြင်နိုင်ဖို့အတွက် ဗေဒင်သုတ စာဖတ်သူများကို ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါတယ်။ သူ့ဟောကိန်းကို ဆက်ကြည့်ရအောင်..

Abhigya Anand ဆိုတဲ့ လူငယ်ဗေဒင်ဆရာလေးရဲ့ အဲဒီ YouTube Video မှာ မကာရရာသီခွင်ထဲ ဝင်လာတဲ့ ကြာသပတေးဟာ စနေနဲ့အတူ ပူးယှဉ်လာမှာ ဖြစ်လို့ နိုဝင်ဘာနှောင်းပိုင်းက စလို့ ကမ္ဘာကြီးမှာ အခြေအနေ တခါ ပြန်ဆိုးဦးမယ်လို့ ဟောပြောထားပါတယ်။ မနေ့က ဒီဇင်ဘာ ၂၁ မှာ ပူးယှဉ်ခဲ့တဲ့ စနေ – ကြာသပတေး ဂြိုဟ်ပူးဖြစ်စဉ်ကြောင့် လက်ရှိ ကိုဗစ်ကပ်ရောဂါထက် ပိုဆိုးတဲ့ အကျပ်အတည်းကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ သူက ဟောဆိုပါတယ်။ (ဗေဒင်သုတ၏ ဘာသာပြန်စာစု ဖြစ်ပါသည်။ ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ)

ဒီဇင်ဘာ ၁၉ နဲ့ ၂၈ အတွင်း စနေနဲ့ ကြာသပတေး ပူးယှဉ်မှုကြောင့် ကမ္ဘာကြီးအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှု ဖြစ်လာပြီး လူသားတွေမှာလည်း နိုင်ငံရေး၊ စီးပွားရေးရာ စိုးရိမ်ပူပန်စရာတွေ ဖြစ်လာလိမ့်မယ်လို့ Anand က ပြောပါတယ်။ စစ်ပွဲတွေ၊ ကပ်ရောဂါတွေ၊စီးပွားရေးပြိုလဲမှုတွေ၊ အစိုးရ၊မီဒီယာနဲ့ အဖွဲ့အစည်းတွေကြောင့်လည်း  ဒီစိုးရိမ်မှုတွေဟာ ကြီးမားကျယ်ပြန့်လာမှာ ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးကလည်း ဒါတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ Anand က ထောက်ပြ ပြောဆိုထားပါတယ်။ (ဗေဒင်သုတ၏ ဘာသာပြန်စာစု ဖြစ်ပါသည်။ ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ)

ကောဇာဂြိုဟ်ပူးဂြိုဟ်မြင်တွေကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေဟာ ၂၀၂၁ ၊ ဖေဖော်ဝါရီ မတိုင်မီ တဖြည်းဖြည်းနဲ့ ပြသလာနိုင်ပြီး ကြာသပတေးက စနေကို ဆုတ်ခွာပြီး မကာရရာသီကနေ ကုမ်ရာသီကို ကူးပြောင်းမယ့် ၂၀၂၁ ၊ နိုဝင်ဘာမှသာ ကမ္ဘာကြီးဟာ အသစ်ကနေ ပြန်စတင်နိုင်မယ်၊ အခြေအနေအရပ်ရပ်က အကောင်းဘက်ဆီကို ဖြည်းဖြည်းချင်း ဦးတည် ပြောင်းလဲသွားမယ်လို့ Anand က ဟောကိန်း ထုတ်ထားပါတယ်။

ဒီဟောကိန်းအရ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပပျောက်စေဖို့ ယတြာနည်းလမ်းတွေကိုလည်း Anand က တခါတည်း ပြောပြထားပါတယ်။ (ဗေဒင်သုတ၏ ဘာသာပြန်စာစု ဖြစ်ပါသည်။ ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ)

ဒါတွေကတော့ ကိုးကွယ်ရာ ဘာသာတရားအလိုက် ဘုရားကို ယုံကြည်လေးမြတ်ကြဖို့ ၊ ကိုယ်ခံစွမ်းအားတွေကို မြှင့်တင်ကြဖို့ ၊ အရာရာကို အကောင်းမြင် အပြုသဘောနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြဖို့၊ ငွေကြေးကို စနစ်တကျနဲ့ စီမံခန့်ခွဲထားကြဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားဖို့ ၊ ဖြစ်နိုင်ရင် သဘာဝအတိုင်း ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ် စားသုံးကြဖို့၊ စိတ်ပိုင်းဆိုင်ရာ သမထကျင့်စဉ်နဲ့ ပုတီးစိပ် တရားထိုင်တာတွေ လုပ်ပေးကြဖို့ ၊ သဘာဝတရားကို ချစ်မြတ်နိုးကြဖို့ စတာတွေကို ဆော်သြထားပါတယ်။

အထက်ပါဟောကိန်းနဲ့ အကြံပြုချက်တွေကို Abhigya Anand ရဲ့ YouTube Channel ဖြစ်တဲ့ Conscience မှာ အသေးစိတ် ဖော်ပြထားတာ ဖြစ်ပြီး ဗေဒင်သုတရဲ့ ပင်တိုင်စာရေးသူ ဧက (ဗေဒင်သုတေသီ) က ရှာဖွေစုစည်းတင်ပြထားတာ ဖြစ်ပါတယ်။ အားလုံး ဘေးကင်းကျန်းမာလို့ ကပ်ရောဂါနဲ့ ဘေးဥပဒ်တွေကို ကျော်လွှားဖြတ်သန်းနိုင်ကြပါစေ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)