ကောဇာနှစ်သစ်မှာ ဘယ်နေ့ဘယ်နံတွေ သတိထားရမလဲ

တပေါင်းလပြည့် ကျော်လွန်ပြီးတည်းက မြန်မာကောဇာနှစ် ၁၃၈၆ ခုနှစ်ရဲ့ အာနိသင်တွေ အစပျိုးလာပြီ ဖြစ်ပါတယ်။

နှစ်သစ်ရဲ့ အာနိသင် အစပျိုးလာပြီမို့ ….

မိမိတို့ရဲ့ အမည်မှာ စနေနံ ၊ အင်္ဂါနံ၊ ဗုဒ္ဓဟူး/ရာဟုနံ ပါဝင်နေသူများ …

စတင် သတိပြုရပါတော့မယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပါပါတယ်။

ထိုနေ့နံ သုံးမျိုးစလုံး ပါဝင်နေသော

အမည်ရှင်တွေကတော့ …ပို၍ ပိုမို အထူးသတိထားရသော နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။

ဥပမာအားဖြင့် …

စိုးဝင်းထွန်း ၊ စိမ်းလဲ့လဲ့ထွေး၊ လင်းလက်ဇာနည် …စသည်ဖြင့်သော အမည်အမျိုးအစား ပိုင်ရှင်တွေ အတွက်ကတော့ …သွားသတိ လာသတိ စားသတိ နှစ်မျိုး ပါပဲ။

ကုသိုလ် ပညာ သတိ ဖြင့် နေထိုင်နိုင်ကြရန်သာ လှုံ့ဆော်ပေးခြင်း ဖြစ်ပါကြောင်း။

လေးစားလျက်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)