မေတ္တာရေးကံကောင်းစေမယ့် လက်တွေ့အစီအရင်များ

ချစ်ခြင်းမေတ္တာဆိုတာ လူသားနဲ့ကွင်းကွာလို့ မရတဲ့အစိတ်ပိုင်းတစ်ခုဆို မှားမယ်မထင်ပါ။

မကြာခဏ မေတ္တာရေး ကံကောင်းအောင်ဘာလုပ်ရမလဲ မေးလာသူများ၊ နှလုံးသားရေးရာကိစ္စနဲ့ပက်သက်ပြီး မကြာခဏ ကံခေနေတတ်သူများ၊ ပေးဆပ်ခံသက်သက်ဖြင့် အမြဲကျန်ရစ်နေခဲ့သူများ လုပ်ဆောင်ရန် ဆရာသခင်များ ညွန်ကြားပေးခဲ့တဲ့ လက်တွေ့ကျကျ အောင်မြင်မှုလည်း ရခဲ့တဲ့ ကုသိုလ်ဆက် ဂမ္ဘီရအစီအရင်ပိုင်းကို ဖော်ပြပေးပါမယ်။

ဦးစွာ မေတ္တာရေး နှလုံးသားရေးရာကိစ္စတွေမှာ ကံကောင်းဖို့ဆိုတာ လက်ရှိဘဝမှာ သူတပါးအပေါ် ရန်တိုက်ပေးခြင်း ဂုန်းတိုက်ခြင်း၊ ကိုယ့်ကြောင့် လူပုဂ္ဂိုဟ်တစ်ဦးနဲ့တစ်ဦး ရန်ပြဿနာဖြစ်စေခြင်း စတဲ့ အကုသိုလ်အကြောင်းတရားကို မပြုမိစေဖို့ သတိထားသွားရမှာဖြစ်ပါတယ်။

ဒီလိုအပြုအမူမျိုးရှိနေခဲ့ရင် မိမိအနေနဲ့ မေတ္တာရေး နှလုံးသားရေးရာကိစ္စလေးတွေမှာ ကံအားနည်းစေတတ်ကြောင်းကို သတိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါအကုသိုလ် အကြောင်းတရားကို မလုပ်မိစေဖို့ ကြိုတင်ပြောထားရတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဖုန်းရွှေပညာရပ်အရ ကိုယ့်အိပ်ခန်း ကိုယ်နေထိုင်ရာအခန်းရဲ့ အနောက်တောင် အရပ်ကို သတိပြုဖို့ပါပဲ။ အနောက်တောင်အရပ်မှာ ပစ္စည်းရှုပ်ပွနေခြင်း အမှိုက်သရိုက်များဖြင့် ညစ်ပတ်ရှုပ်ထွေးနေခြင်းကို မဖြစ်စေဖို့ သတိပြုရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

၎င်းအရပ်ထောင့်မှာ ငှက်စုံတွဲပုံ၊ ချစ်ခြင်းမေတ္တာ၏သင်္ကေတဖြစ်သော ဟင်္သာမောင်နှံပုံ စသဖြင့် ထားရှိပေးသင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တတိယအချက်အနေနဲ့ မကြာခဏဆိုသလို ငှက်စာကျွေးခြင်း ငါးစာကျွေးခြင်း ကုသိုလ် ပြုပေးသင့်ပါတယ်။ အထူးသဖြင့် လဆန်းပိုင်းနဲ့ လပြည့်ရက်လိုမျိုးနေ့တွေမှာ ငှက်စာ ငါးစာ ဒါန ပြုခြင်းဟာ မေတ္တာရေး နှလုံးသားရေးရာကိစ္စကို ကံအားကောင်းစေပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ရေကုသိုလ်ပြုပေးခြင်းပါပဲ။ ရဟန်းသံဃာများအား ရေသန့် ကုသိုလ်ပြုခြင်း ၊ ဘုရားရုပ်ပွားတော်ကို ရေသပ္ပါယ်ခြင်း၊ တတ်နိုင်သူဆိုပါက ရေသန့်စက် လှူဒါန်းခြင်း စတဲ့ကုသိုလ်ဒါနကို မကြာခဏ ကြုံသလိုပြုပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေတ္တာသုတ်ကို နေ့စဉ်ရွတ်ဖတ် နှလုံးသွင်းဆင်ခြင်ခြင်းပြုနိုင်ရင်တော့ ပိုမိုပြီး အေးချမ်းတဲ့မေတ္တာရေး နှလုံးသားရေးရာကို ဦးတည်စေပါလိမ့်မယ်။ အတိတ်က ပါလာတဲ့ အဆိုးကံတွေကို ကြီးတဲ့ကံ ငယ်အောင်၊ ငယ်တဲ့ကံ အားပျော့သွားအောင် အထောက်အကူပြုပါလိမ့်မယ်။

ဒီကုသိုလ်အကြောင်းဆက်ယတြာအစီအရင်တွေဟာ ဆရာသခင်များ လက်ဆင့်ကမ်းခဲ့တဲ့ လက်တွေ့ကျကျ အောင်မြင်မှုရသူများရဲ့ နှလုံးသားရေးရာ မေတ္တာရေးရာ ကံအားသာစေတဲ့ အစီအရင်ကောင်းများဖြစ်လို့ လက်တွေ့ကျင့်သုံးခြင်းဖြင့် ကောင်းကျိုးချမ်းသာ ခံစားရရှိကြပါစေသတည်း…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)