မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာမှာ ပရိဝါရ၊ အာယု၊ နာဂရ အစရှိတဲ့ အရပ် ၈ မျက်နှာ တွက်နည်း ရှိပါတယ်။ အဲဒီအရပ်မျက်နှာတွေထဲမှာ အရေးအကြီးဆုံးနဲ့ သတိထားရမယ့် အရပ်ဒေသကတော့ ဘုမ္မိအရပ်ပါပဲ။ ဘုမ္မိ ဆိုတာ အညစ်အကြေး စွန့်ရာမြေ တနည်းအားဖြင့် သင်္ချီုင်းလို့ သတ်မှတ်ထားပါတယ်။
လူတစ်ယောက်ဟာ ဘုမ္မိ ဂြိုဟ်စားနဲ့ ဘုမ္မိသက်ရောက်ထဲ ကျရောက်နေတဲ့အချိန်မှာ ကျန်းမာရေး စီးပွားရေး အိမ်ထောင်ရေး အနည်းဆုံး တစ်ခုမဟုတ်တစ်ခု ပျက်စီးတတ်ပါတယ်။ ကာယကံရှင် အနေမှန်သည်ဖြစ်စေ အနေမှားသည်ဖြစ်စေ ကြုံစရမြဲမို့ ကံနိမ့်ချိန်လို့ ပြောနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
အထက်ပါ အသက်အပိုင်းခြားတွေကတော့ နေ့သားအလိုက် ဘုမ္မိစက်ကွင်းထဲ ကျနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ကာလ တလျှောက်လုံး ဆိုးကျိုးခံစားနေရမှာ မဟုတ်ပေမယ့် ဒီကာလဟာ ကျန်တဲ့ကာလတွေထက် ဘဝမှာ ပိုမို ခက်ခဲကြမ်းတမ်းတတ်ပါတယ်။ မြင့်ရာကနေ နိမ့်ပါးသွားတတ်ပါတယ်။ မမျှော်လင့်တဲ့ ကြမ္မာဆိုးတွေ ကျတတ်ပါတယ်။ အထူးသဖြင့် ဘုမ္မိစက်ကွင်းထဲ အဝင်နှစ်နဲ့ အထွက်နှစ်ကို ပိုသတိထားဖို့ လိုပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)
ဘုမ္မိ ၄ မျိုး ရှိပါတယ်။ ဘုမ္မိ၊ ဘုမ္မိလေး၊ ဘုမ္မိနှစ်ထပ်နဲ့ ဘုမ္မိကြီးတို့ ဖြစ်ပါတယ်။ ဘုမ္မိဆိုတာ အသက်ကိုတည် ၈ နဲ့ စားလို့ (၄) ကြွင်းရင် ဘုမ္မိ ဖြစ်ပြီး ဘုမ္မိလေးကတော့ အသက်ကို ၈ နဲ့စားလို့ (၇) ကြွင်းတဲ့ နှစ်ကို ခေါ်ပါတယ်။ ဘုမ်မိနှစ်ထပ်က အထက်ပါ ကာလထဲလည်း ရောက်နေချိန်၊ အသက်ကိုတည် ၈ နဲ့ စားလို့ ၄ ကြွင်းတဲ့ နှစ်လည်း ဖြစ်နေချိန်ကို ခေါ်ပါတယ်။
ဘုမ္မိကြီး ဆိုတာကတော့ အထက်ပါ ကာလထဲလည်း ရောက်နေချိန်၊ အသက်ကို တည် ၈ နဲ့ စားလို့ (၇) ကြွင်းတဲ့နှစ်လည်း ဖြစ်နေချိန်ကို ခေါ်ပါတယ်။ ဘုမ္မိတွေထဲမှာ အဆိုးဆုံးကတော့ ဘုမ္မိ နှစ်ထပ်နဲ့ ဘုမ္မိကြီးတို့ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဒါကြောင့် ဘုမ္မိစက်ကွင်းထဲ ရောက်နေချိန်ဆိုရင် ကံသုံးပါးကို လုံအောင်ထိန်း၊ ရတနာသုံးပါး မိဘဆရာနဲ့ ကျေးဇူးရှင်တွေကို ဦးခိုက်ပူဇော်ဖို့ သတိမမေ့ကြပါနဲ့။ သူတော်ကောင်းစိတ် မွေးသူများ ဆိုရင်တော့ ဘုမ္မိ စက်ကွင်း မိသည့်တိုင်အောင် ဘုမ္မိဆိုးကျိုးက အဖျားခတ်ရုံလောက် ခတ်တတ်ပေမယ့် သူယုတ်မာစိတ် မွေးမိပြီ ဆိုရင်တော့ ဆိုးကျိုးတွေကို ခံစားရဖို့ လက်ယပ်ခေါ်သလို ဖြစ်နေပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဘုမ္မိအကြောင်း ထပ်ပြောရရင်တော့ ဘုမ္မိအရပ်ကို မျက်နှာမူပြီး အိမ်ဆောက်ရင်၊ ဆိုင်ဖွင့်ရင် စီးပွားမဖြစ်၊ မအောင်မြင်တတ်ပါဘူး၊ အောင်မြင်ခဲ့ရင်လည်း အခြားတစ်ဖက်မှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါလိမ့်မယ်။ ဘုမ္မိ ဆိုတာ ရှောင်ဖို့ဖြစ်တာမို့ ဉာဏ်နဲ့ ယှဉ်ပြီး ဘုမ္မိကို ရှောင်နိုင်လေလေ ကိုယ့်အတွက် ဆိုးကျိုးနည်းလေလို့ယူဆနိုင်ပါတယ်။
ဘုမ္မိဆိုတာ မွေးနံနဲ့မိတ်ဖြစ်စေ ရန်ဖြစ်စေ ဘုမ္မိရဲ့ အစွမ်းကိုတော့ ပြတာပါပဲ။ ဒါပေမယ့် မိတ်ဖြစ်တဲ့ ဘုမ္မိ ဆိုရင် လက်အိပ်စွပ်ပြီး အထိုးခံရသလို မူးမိုက်အောင် နာတတ်ပါတယ်၊ ရန်ဖြစ်တဲ့ ဘုမ္မိ ဆိုရင်တော့ ဗလာလက်သီးမိသလို သွေးသံရဲရဲ နာတတ်ပါတယ်။ မိတ်ဘုမ္မိလား၊ ရန်ဘုမ္မိလား ဥဒသိန် (မိတ်မဟုတ် ရန်မဟုတ်) ဘုမ္မိလား ဆိုတာကိုတော့ လက်ဆန်းဗေဒင်ရဲ့ ရေသောက်ဖြစ် ဖြစ်တဲ့ စာခြောက်တန်းနဲ့ ခွဲခြားရမှာ ဖြစ်သလို ဘုမ္မိ ရိုက်ချက် အပြင်းအပျော့ကတော့ ဗေဒင်အချုပ်မဟာဘုတ်ပညာရပ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းပါ။ ဆရာတေးအေးရိပ် (MMASTROLOGY)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)