ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာ ဘယ်ရာသီဖွားတွေ အများဆုံးလဲ

ပြီးခဲ့တဲ့ ၂၀၁၇ အတွင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ထိပ်တန်း ဘီလျံနာ အယောက် ၁၀၀ ရဲ့ စာရင်းကို Forbes မဂဇင်းက ပြုစု ထုတ်ပြန်ရာမှာ ငွေကြေးစီးပွားအရ ဘယ်ရာသီဖွားတွေက အအောင်မြင်ဆုံး ဖြစ်ခဲ့တယ် ဆိုတာကို အောက်ပါအတိုင်း တွေ့မြင်ရပါတယ်။

၁။ မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)

၂၀၁၇ စစ်တမ်းအရ ထိပ်တန်း ဘီလျံနာ (၁၀၀) စာရင်းမှာ မိဿရာသီဖွားတွေက အများဆုံးအရေအတွက် ၁၁ ဦးအထိ ပါဝင်လာပြီး အိန္ဒိယရဲ့ အချမ်းသာဆုံး သူဌေးကြီးနဲ့ Google ပူးတွဲ တည်ထောင်သူ လယ်ရီပေ့ဂ်ျတို့ဟာ ထင်ရှားတဲ့ မိဿရာသီဖွားတွေ ဖြစ်နေပါတယ်။

၂။ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) + တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

ထိပ်တန်းဘီလျံနာ (၁၀၀) စာရင်းမှာ မိဿရာသီဖွားနောက်ကနေ ဒုတိယလိုက်နေတာက သိဟ်ရာသီဖွား ၁၀ ဦး ဖြစ်ပြီး ဒီအထဲမှာ Google ပူးတွဲ တည်ထောင်သူ ဆာဂျီဘရင်၊ Oracle တည်ထောင်သူ လာရီအယ်လ်ဆင်နဲ့ Gucci ဒီဇိုင်းလုပ်ငန်းရှင်တို့လည်း ပါဝင်နေပါတယ်။ သိဟ်ရာသီဖွားလိုပဲ တူရာသီဖွား (၁၀) ဦးကလည်း ဒုတိယ နေရာကနေ လိုက်နေပါတယ်။

၃။ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

ကမ္ဘာ့အချမ်းသာဆုံး ဘီလ်ဂိတ် ပါဝင်တဲ့ ဗြိစ္ဆာရာသီဖွား ၉ ဦးဟာ ဘီလျံနာ (၁၀၀) စာရင်းမှာ တတိယနေရာက လိုက်နေပြီး ဒီထဲမှာ စတိဂျော့ဘ်ရဲ့ ဇနီးဟောင်းနဲ့ တရုတ် အိမ်ခြံမြေသူဌေးကြီးလည်း ပါဝင်နေပါတယ်။

၎။ ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)  + ကုံရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

Facebook ရဲ့ တည်ထောင် ပဲ့ကိုင်ရှင် ဖြစ်တဲ့ မတ်ခ်ဇူကာဘတ်နဲ့ BMW ကားလုပ်ငန်းကို အမွေ ဆက်ခံထားတဲ့ ဂျာမနီနိုင်ငံက အချမ်းသာဆုံး အမျိုးသမီးတို့ ပါဝင်တဲ့ ပြိဿရာသီဖွား ၈ ဦးဟာ ဘီလျံနာ (၁၀၀) စာရင်းမှာ စတုထ္ထနေရာက လိုက်ပါနေပြီး ကုံရာသီဖွား ၈ ဦးကလည်း အလားတူ ရပ်တည်နေပါတယ်။

၅။ မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) + မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

Amazon တည်ထောင်သူနဲ့ Reuters သတင်းရဲ့ ဥက္ကဌတို့ ပါဝင်တဲ့ မကာရနဲ့ မေထုန်ရာသီဖွား ၇ ဦးကလည်း ဘီလျံနာ (၁၀၀) စာရင်းရဲ့ ပဉ္စမနေရာမှာ တည်ရှိနေပါတယ်။

ဒီဘက်နှစ်ပိုင်းတွေမှာ နာမည်ကြီးလာတဲ့ Alibaba ပိုင်ရှင် ဂျက်မာနဲ့ ဘီလျံနာသူကြွယ် ဝါရင်းဘူဖေးတို့ကတော့ ကန်ရာသီဖွားတွေ ဖြစ်ပြီး ဒီရာသီဖွားတွေက ဘီလျံနာ (၁၀၀) စာရင်းမှာ ၅ ဦးပဲ ပါဝင်ခဲ့ပါတယ်။

ဒီစာရင်းကို အနှစ်ချုပ်ကြည့်ရင် မိဿ၊ သိဟ်၊ တူနဲ့ ဗြိစ္ဆာရာသီဖွားတွေက ၂၀၁၇ ထဲမှာ စီးပွားအဖြစ်ဆုံး၊ ငွေ အရှာနိုင်ဆုံးနဲ့ အချမ်းသာဆုံးစာရင်းကို သိမ်းပိုက်ထားနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၆ တုန်းကတော့ ပြိဿရာသီဖွား ၁၃ ဦးက ဘီလျံနာ (၁၀၀) စာရင်းမှာ အများဆုံး နေရာယူခဲ့ပါတယ်။

ကိုယ့်ရာသီဖွားတွေထဲ ဘယ်သူတွေ ဘော့စ် ဖြစ်ကုန်ပြီလဲသိရင် ကိုယ်တိုင်လည်း ကြိုးစား အောင်မြင်နိုင်ပါတယ်ခင်ဗျား

ဧက

Ref: Love Money, Young is Than

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)