ခေါင်းဆေးမင်္ဂလာ ရက်ကောင်းများ

မြန်မာ့ရိုးရာ လောကီပညာအယူအဆအရ တန်ဆောင်မုန်း လဆန်း ၂၊ ၃၊ ၄၊ ၅၊ ၆ ရက်များသည် ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်အတွက် ရက်ကောင်းများ ဖြစ်သည်။ အင်္ဂလိပ်ရက်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉၊ ၃၀၊ ၃၁ ရက်များနှင့် နိုဝင်ဘာလ ၁၊ ၂ ရက်များ ဖြစ်ပါသည်။

၎င်းနေ့ရက်များတွင် နေ့သားသမီးအလိုက် မိမိတို့၏ တေဇအရပ်ကို မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေး ခေါင်းလျှော်ပြုခြင်းဖြင့် ဘုန်းကံမြင့်မားခြင်း၊ လုပ်သမျှအဆင်ပြေအောင်မြင်ခြင်းများ ရရှိစေပါလိမ့်မည်။ နေ့သား အလိုက် တေဇအရပ် (ဘုန်းတန်ခိုးတည်ရာ အရပ်မျက်နှာ) များကို ဖော်ပြပေးလိုက်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

 ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)