မြန်မာနှစ် ၁၃၈၅ ခုနှစ် အချစ်ရေး၊ အိမ်ထောင်ရေးကံ

မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွင်း အချစ်ရေး အိမ်ထောင်ရေးကံ ဘယ်လိုရှိမလဲ ဆိုတာ သိဖို့ရာ မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ပညာအရ နေ့ဖွားအလိုက် ဖော်ပြပေးပါမည်။

တနင်္ဂနွေနေ့ဖွားများ

မေတ္တာရေးတွင် အနိမ့်အမြင့် အတက်အကျ များနေတတ်မည်။ အချစ်ရေးတွင် မထင်မှတ်ထားသော အပြောင်းအလဲများ ကြုံရတတ်မည်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက် ကျန်းမာရေး အားနည်းမှုနှင့် လုပ်ငန်း အိုးအိမ်အပြောင်းအလဲတို့ ဖြစ်တတ်သည်။

တနင်္လာနေ့ဖွား

အချစ်ရေး မေတ္တာရေးတွင် စိတ်တွေေ ဝေ ဒွိဟဖြစ်နေတတ်မည်။ ဆုံးဖြတ်ရခက်သောကိစ္စများ ကြုံရတတ်မည်။ အိမ်ထောင်သည်များအနေဖြင့် ပွင့်လင်းမှု ရှိပါက အဆင်ပြေပျော်ရွှင်မှု ရမည်။ အိမ်ထောင်ဘက်သည် ခရီး မကြာခဏ သွားနေရတတ်မည်။

အင်္ဂါနေ့ဖွားများ

ပျိုရွယ်သူများ စန်းပွင့်ခြင်း၊ ချစ်သူသစ်ရခြင်းတို့ ကြုံမည်။ ပေါင်းဖက်ရန် ကြံရွယ်ထားသူများ အိမ်ထောင်မင်္ဂလာ ပြုရတတ်မည်။ အိမ်ထောင်သည်များအဖို့ သားသမီးရတနာ ထွန်းကားလာနိုင်သည်။

ဗုဒ္ဓဟူးနေ့ဖွားများ

မေတ္တာရေးတွင် ကန့်သတ်ချက်များနှင့်ပေးဆပ်မှု များနေတတ်မည်။ ချစ်သူ မရှိသေးသူများ ရပ်ဝေးမှသူနှင့် အကြောင်းကံပေါ်တတ်မည်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက် ကျန်းမာရေး အားနည်းတတ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသပတေးနေ့ဖွားများ

မေတ္တာရေး အချစ်ရေးတွင် စိတ်ပင်ပန်းရတတ်မှုများ ရှိသော်လည်း ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက် အလုပ်သစ်ပေါ်ခြင်း၊ စွန့်စားမှုများ အောင်မြင်ခြင်း ဖြစ်မည်။

သောကြာနေ့ဖွားများ

မေတ္တာရေး အချစ်ရေးတွင် ကံကောင်းမည်။ စန်းပွင့်မည်။ ချစ်သူသစ်ရခြင်း ပျော်ရွှင်မှုဖန်တီးနိုင်ခြင်းများ ရှိမည်။ အိမ်ထောင်ရေးတွင်လည်း မိမိလက်တွဲဖော်၏ အောင်မြင်မှုများကို ကြုံတွေ့ခံစားရမည့်နှစ်ဖြစ်သည်။

စနေနေ့ဖွားများ

ယခုနှစ်တွင်း မေတ္တာရေးကံ အားကောင်းမည်။ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ တစ်ကိုယ်တည်းသမားများ သဘောထား ပြည့်ဝသူမျိုးနှင့် ဆုံးစည်းရမည်။ ရည်မှန်းချက်ပန်းတိုင် အတူ ချမှတ်နိုင်မည်။

ဤကားမြန်မာ့လက်ဆန်းဗေဒင်ပညာအရ ယခု ၁၃၈၅ ခုနှစ်အတွင်း နေ့ဖွားအလိုက် အချစ်ရေး မေတ္တာရေး အိမ်ထောင်ရေးကံကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)