ကောဇာကြာသပတေး နှင့် ကံဇာတာ ထူးကဲပြောင်းလဲမယ့် ရာသီဖွားများ

အနောက်တိုင်းသာယနစနစ်အရ ကောဇာ ကြာသပတေးဟာ မိဿရာသီကနေ ပြိဿရာသီကို မေ ၁၆ ရက်မှာ ကူးပြောင်းသွားပါတယ်။ ကြာသပတေးဂြိုဟ်ဟာ ပြိဿရာသီမှာ ဒီနှစ် ၂၀၂၃ ၊ မေ ၁၆ ရက်ကနေ ၂၀၂၄ မေ ၂၅ အထိ တည်ရှိနေမှာ ဖြစ်လို့ ဒီတစ်နှစ်တာအတွင်း ကံဇာတာ ထူးကဲပြောင်းလဲလာနိုင်တဲ့ ရာသီဖွားတွေ အကြောင်းကို အထူးဟောစာတမ်းအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

ကြာသပတေးဂြိုဟ်ရဲ့ တိုက်ရိုက်အစီးအနင်းကို ရရှိထားတဲ့ ပြိဿရာသီဖွားတွေဟာ တစ်နှစ်တာကာလအတွင်း ဘဝအခြေအနေအရပ်ရပ် ပြောင်းလဲတိုးတက်လာဖို့ ရှိနေပါတယ်။ အရင်က ပိတ်ဆို့နေတဲ့ အခွင့်အလမ်းတွေပါ ပွင့်ထွက်လာပြီး စိတ်ကူးမျှော်မှန်းတဲ့ဘဝကို တက်လှမ်းခွင့် ရလာနိုင်ပါတယ်။ အတိတ်ဒဏ်ရာအဟောင်းတွေကို မေ့ပစ်ပြီး လူသစ်၊ စိတ်သစ်နဲ့ ဘဝသစ်ကို စတင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကြာသပတေးဂြိုဟ် အစီးအနင်းဟာ တသမတ်တည်း ဖြောင့်ဖြူးနေမှာမဟုတ်လို့ အနိမ့်အမြင့်တွေ အတက်အကျတွေကိုလည်း ဖြတ်သန်းရလိမ့်မယ် ဆိုတာမမေ့ဖို့ လိုပါတယ်။ ခေါက်ရိုးကျိုးဘဝကို မလိုလားဘူးဆိုရင်တော့ စွန့်စားခန်းအသစ်တွေ စတင်ရပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

လုပ်သမျှ လူသိထင်ရှားဖြစ်ချင်တဲ့၊ အများရဲ့အာရုံစိုက်အလေးထားမှုကို ခံချင်တဲ့ သိဟ်ရာသီဖွားတွေက ဒီနှစ်မှာ အဲဒီ လိုအင်ဆန္ဒတွေနဲ့ တစ်လုံးတစ်ဝကြီး ပြည့်စုံလာပါလိမ့်မယ်။ ရာထူးအဆင့် တက်တာ၊ နာမည်ဂုဏ်သတင်း ကျော်ကြားတာ၊ ချီးမြှင့်မြှောက်စားခံရတာ စတဲ့ကံကောင်းမှုတွေ ရရှိတတ်ပါတယ်။ အထက်တန်းလွှာကလူတွေ ၊ နာမည်ကြီးတွေ၊ သြဇာအာဏာရှိသူတွေနဲ့ ပတ်သက်ခွင့် ရတတ်ပါတယ်။ လုပ်ကိုင် ကြိုးစားနေတာတွေလည်း အောင်မြင်ဖြစ်ထွန်းလာနိုင်ပါတယ်။ လူထုပရိတ်သတ်နဲ့ ဆက်ဆံရတဲ့သူတွေအဖို့ မျက်နှာကောင်းရတာ၊ နာမည် တက်တာတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းစီးပွားအခြေအနေလည်း တိုးတက်မြင့်မားလာမယ့်နှစ် ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

အိုးအိမ်နေရာကောင်းလေး ရှာဖွေနေတဲ့၊ မြေအရောင်းအဝယ်တွေ လုပ်နေတဲ့ ကုမ်ရာသီဖွားတွေအတွက်တော့ ဒီတစ်နှစ်တာဟာ ကံကောင်းခြင်းတွေ ယူဆောင်ပေးပါလိမ့်မယ်။ နေထိုင်ရာအိမ်၊ တိုက်ခန်း စတဲ့နေရာလေးမှာ ဇိမ်ခံပစ္စည်းအကောင်းစားတွေနဲ့ ပြည့်စုံလာနိုင်ပါတယ်။ အိုးအိမ်နေရာ ရဖို့ ကြိုးစားနေသူတွေလည်း ဒီနှစ်ထဲမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အရင်က ဖြေရှင်းမရခဲ့တဲ့ မိသားစုပြဿနာတွေလည်း ဒီနှစ်မှာ အေးချမ်းစွာ ပြေလည်သွားနိုင်ပါတယ်။ ရင်သွေးရတနာ ရဖို့ ကြိုးစားနေတဲ့ မိဘတွေ ဒီနှစ်မှာ ဆန္ဒတွေ ပြည့်ဝတတ်ပါတယ်။ မိသားစုအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုတွေလည်း ထူးထူးခြားခြား ရရှိလာတတ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

ဒီတစ်နှစ်တာဟာ ဗြိစ္ဆာရာသီဖွားတွေအတွက် မိတ်ဆွေကောင်းတွေ၊ ပါတနာကောင်းတွေနဲ့ ဆုံဆည်းစေမယ့်နှစ် ဖြစ်ပါတယ်။ ပျိုရွယ်သူတွေဆိုရင် စန်းပွင့်မယ်။ ချစ်သူလက်တွဲဖော်ကောင်း ရလာတတ်ပြီး လက်ထပ်ထိမ်းမြားဖို့ ကြိုးစားနေတဲ့ စုံတွဲတွေလည်း အိမ်ထောင်သည်ဘဝကို အောင်မြင်စွာ ရောက်ရှိသွားနိုင်ပါတယ်။ အိမ်ထောင်ရှင် စုံတွဲတွေကတော့ မိမိလက်တွဲဖော်ရဲ့ ကံကောင်းခြင်းတွေကို မျှဝေခံစားခွင့် ရတတ်ပြီး အေးချမ်းသာယာတဲ့ဘ၀ ရရှိစေတတ်ပါတယ်။ ဒီနှစ်မှာ စပ်တူရှယ်ယာတွေ၊အကျိုးတူလုပ်ငန်းတွေလည်း အောင်မြင်ကြီးပွားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဖော်ပြပါ ရာသီဖွား ၄ ခုဟာ ကြာသပတေးဂြိုဟ်အပြောင်းမှာ ကံဇာတာ ထူးခြားပြောင်းလဲလာနိုင်သူတွေ ဖြစ်ပြီး မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) တွေနဲ့ ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) တွေက တစ်နှစ်အတွင်း ငွေကြေး ကံကောင်းမယ့်သူတွေ ဖြစ်လာပါလိမ့်မယ်။

တခြားရာသီဖွားတွေကလည်း ကံကောင်းတာလေးတချို့ ရှိနိုင်ပေမယ့် ဖော်ပြပါရာသီဖွားတွေကတော့ အထင်ရှားဆုံး ကံထူးမယ့်သူတွေ ဖြစ်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)