၁၂ ရာသီဖွား အပတ်စဉ်ဟောစာတမ်း (၂၇.၁.၂၀၂၀ မှ ၂.၂.၂၀၂၀ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – ဒီတစ်ပတ်မှာ အလုပ်အကိုင်ကံလေး အကောင်းဘက် ရှိနေတယ်။ အလုပ်ကိစ္စအတွက် အသွားအလာတွေလည်း များလာနိုင်တယ်။ ငွေကတော့ အဝင်များသလို အထွက်လည်း ကြမ်းနေမယ်။ အချစ်ရေး စိတ်ညစ်စရာလေးတွေ ပေါ်လာမယ်။ စကားများ၊ ငြင်းခုံရတာတွေ ဖြစ်တတ်တယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – အကြီးအကဲတွေကြောင့် စိတ်ရှုပ်ရတာက လွဲရင် ဒီတစ်ပတ်လုံးမှာ အလုပ်အခြေအနေ ကောင်းလိမ့်မယ်။ ငွေရလမ်းတွေ ဖြောင့်လာမယ်။ ဒါပေမဲ့ ရစရာတွေက စောင့်ရလိမ့်မယ်။ အခြေအတင် ဖြစ်ပြီးမှ အဆင်ပြေမယ်။ အချစ်ရေးက သာယာပါမယ်။ နူတ်တော့ မကြမ်းမိစေဖို့ သတိပြုရမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – အလုပ်တွေ ရှုပ်ပေမယ့် ရှုပ်သလောက်လည်း အကျိုးအမြတ်က ရှိနေမယ်။ ကြိုးစားမှုရဲ့ ရလဒ်ကို ခံစားရမယ်။ လူမှုရေးဘက်မှာ ပြဿနာ နည်းနည်း ရှိမယ်။ ငွေကြေးကံ သိပ် မထူးဘူး။ နှလုံးသားရေးမှာ စိတ်မရှည် သည်းမခံတတ်လို့ အဖုအထစ်တွေ ဖြစ်တတ်တယ်။ စိတ်ရှည်ရလိမ့်မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အလုပ်နဲ့ ပတ်သက်လို့ ကံအားနည်းနေတယ်။ စိတ်တိုင်းမကျ စိတ်ပျက်စရာတွေချည်း ဖြစ်နေမယ်။ အတိုက်အခံ ပြောဆိုရတတ်တယ်။ ငွေကြေးအတွက် ပူပန်လာရနိုင်တယ်။ အချစ်ရေးကိစ္စတွေမှာတော့ သိပ်မထူးခြားဘူး။ အမျိုးသမီးအကြီးအကဲတွေဆီက အကူအညီတွေ ရတတ်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – နေရင်းထိုင်ရင်း စိတ်သောကတွေ များနေမယ်။ အလုပ်တွေ ကောင်းမယောင်နဲ့ အဖျားရှူးသွားတတ်တယ်။ လုပ်သမျှ အလွဲတွေ များနေမယ်။ ငွေကြေး ရပေါက်ရလမ်းလေး ရှိနေပေမယ့် စိတ်ညစ်ခံပြီးမှ အဆင်ပြေမယ်။ အချစ်ရေးမှာ အတိုက်အခံတွေ များပြီး အာရုံနောက်နေလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – အလုပ်ကိစ္စမှာ အမျိုးသမီးမိတ်ဆွေတွေရဲ့ အကူအညီ ပံ့ပိုးမှုတွေ ရမယ်။ သူတို့ အကြံဥာဏ်ကို ယူသင့်တယ်။ အလုပ်အခြေအနေ အကောင်းအဆိုးတွေ ရောနေတယ်။ ငွေကြေးကံလည်း အားနည်းနေပါတယ်။ မေတ္တာရေးမှာတော့ စန်းတွေ ပွင့်နေလို့ စိတ်တွေ များလာတတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – အလုပ်အကိုင်တွေ သိပ်အခြေအနေ မကောင်း ဖြစ်နေမယ်။ အတိုက်အခံ အငြင်းအခုံတွေလည်း များတတ်တယ်။ ငွေကြေးကိစ္စမှာလည်း အရင်ဆုံး စိတ်ရှုပ်ရ၊ ပြောရဆိုရ ဖြစ်ပြီးမှ အဆင်ပြေသွားမယ်။ အချစ်ရေးမှာ အကြီးအကဲတွေကြောင့် နားလည်မှု လွဲတတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – အလုပ်မှာ နည်းနည်း ညစ်စရာက လွဲလို့ အားလုံး အိုကေစိုပြေနိုင်တယ်။ အဆက်အသွယ်ကြောင့် အကျိုးဖြစ်ထွန်းမယ်။ သတင်းကောင်းတွေလည်း ကြားရမယ်။ ငွေကြေးကံကောင်းပေမယ့် အဖတ်မတင် ဖြစ်မယ်။ နှလုံးသားရေးရာမှာ ပျော်ရွှင်ကြည်နူးစရာတွေ ကြုံရမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) – အလုပ်တွေ ခါတိုင်းထက် သွက်လက် ကောင်းမွန်နေပြီး စီးပွားလည်း ဖြစ်လာမယ်။ ရဲရဲ ဆုံးဖြတ် လက်သွက်နိုင်လေ ကောင်းလေပဲ။ ဝင်ငွေရလမ်းလည်း ဖြောင့်ဖြူးပြီး အဆင်ပြေလာမယ်။ ဒါပေမဲ့ အသုံးကြမ်းနေလိမ့်မယ်။ အချစ်ရေးက သိပ်ထူးထူးခြားခြား ဖြစ်လာဖို့ မရှိဘူး။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – အခက်အခဲနဲ့ အခွင့်အလမ်းတွေ ရောယှက်နေမယ်။ လုပ်ကိုင်သမျှမှာ ခက်ခဲတာတွေ ရှိမေယ့် ကျော်ဖြတ်သွားနိုင်မယ်။ မိတ်ဆွေ၊ ဆရာသမားတွေရဲ့ ကူညီမှုကို ရရှိမယ်။ ငွေကြေးကံ နည်းနည်း ညံ့နေတယ်။ မေတ္တာရေးအတွက် ကြိုးစားရ သွားလာရတာတွေ ဖြစ်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) – ဒီအပတ်မှာ ငွေရလမ်းတွေ ပေါ်လာတတ်ပြီး ကြံဖန် ငွေရှာနိုင်မယ်။ ဒါပေမဲ့ မျှော်လင့်သလောက် မရ၊ အဖတ်မတင်နဲ့ ပြန်ဖြစ်မယ်။ အလုပ်မှာတော့ စိတ်ပူစရာ နည်းနည်း ရှိတာက လွဲရင် အဆင်ပြေမယ်။ အချစ်ရေးကံ အားနည်းနေလို့ နားလည်မှုတွေ ပိုလိုအပ်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – ကိစ္စအတော်များများမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်လာမယ်။ အလုပ်တွေလည်း အတိုက်အခံတွေကြားက အဆင်ပြေသွားမယ်။ ပျော်စရာ၊ အကျိုးရှိမယ့် ခရီးကောင်းတွေ သွားလာရမယ်။ ငွေကြေးကိစ္စ သူ့ဟာနဲ့သူ လည်ပတ်နိုင်မယ်။ အချစ်ရေးမှာလည်း အေးချမ်းသာယာနေမယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)