ကြာသပတေးနေ့ဖွားများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

ကြာသပတေးနေ့ဖွားတွေသည် ….ယခုနှစ်ဖို့ ရာဇဌာနတွင် ရပ်တည်ခွင့် ကြုံကြိုက်သော ကာလ ဖြစ်ပါတယ်။  ဘာပဲပြောပြော…ဘယ်လိုပဲ ဝေဖန်သည် ဖြစ်ပါစေ…. သည်တစ်နှစ်အဖို့… ကံအကောင်းနိုင်ဆုံး…၊ ကံအခွင့်အလမ်း အသာနိုင်ဆုံး နေ့ဖွားသည် …ကြာသာပတေးနေ့ဖွား တို့ပဲ ဖြစ်ပါတယ်။

အလွန်အင်မတန်မှကို မူလဇာတာ…အမည်၊ ရောက်ဆဲအသက်ပိုင်းတို့အရ ..အညံ့ကြုံနေသူတို့သာ ဒီနှစ်မှာ ဆိုးကျိုးကျရောက်နိုင်မှာဖြစ်ပြီး….အများစုကတော့ …..ဒီတစ်နှစ် ၁၃၈၆ ခုနှစ်သည်… ကံကောင်းမှုကြုံနိုင်ကြသော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။

အလုပ်အကိုင်နှင့် စီးပွားရေး

အကွက်ကျကျ စီစဉ်ထားတာတွေ….အစီစဉ်တစ်ကျ ရုပ်လုံးပေါ်လွယ်လာမယ့်ကာလ ဖြစ်ပါတယ်။ အခြွေအရံအပေါင်းအသင်း သိုက်သိုက်ဝန်းဝန်းနဲ့ ..စီးပွားရှာလွယ်သော ကာလမျိုးလည်း ဖြစ်ပါတယ်။ နဂိုကတည်းက…ဗျုဟာကျကျ..စီမံတတ်သူမျိုး ဖြစ်လေလေ..သည်တစ်နှစ်ဟာ အောင်မြင်နိုင်လေလေပါပဲ။

မလိုအပ်ဘဲ အသိမှတ်ပြုခံချင်မှု ကိုတော့ လျှော့သင့်တဲ့နှစ်ပါ။ မလိုအပ်ဘဲ မဏ္ဍဋ်တိုင် တက်ပြတာမျိုး လုပ်မိခြင်းကနေ..ရမယ့်အကျိုးစီးပွား အထစ်အငေ့ါဖြစ်တတ်ချိန်ပါ။  အများစုက ကိုယ့်ကို အလေးထားပြီး …အသိမှတ်ပြုလာတတ်ချိန်မို့..အလုပ်လုပ်သလောက်လည်း အသိမှတ်ပြုခံရပါမယ်။

သေချာအကွက်ချြူပီး တစ်ဆင့်ချင်းသေသေသပ်သပ် ကြိုးစားနိုင်မယ်ဆိုရင် ဒီတစ်နှစ်ဟာ …လှေခါးထစ် တစ်ဆင့်တက်ခွင့် ရနိုင်တဲ့ ကောင်းသောအကျိုးခံစားခွင့် နဲ့ တူတဲ့ နှစ်မျိုးဖြစ်ပါတယ်။

ချစ်မှုရေးရာ နှင့် အိမ်ထောင်ရေး

မူလဇာတာ ကောင်းခြင်း၊ မူလမှည့်ခေါ်ထားသော အမည်အနေအထား မှန်ကန်ခြင်း ရှိပါမှ… ဒီတစ်နှစ်သည် ..သက်သာရာရပါလိမ့်မယ်။ မူလဇာတာအနေအထားနဲ့ အမည်မှာပါ အပြစ်ရှိနေခဲ့သူ ကြာသပတေးနေ့ဖွားအချို့အတွက်ကတော့….

ယခုကဲ့သို့သော နှစ်မျိုးသည်…..ချစ်ခင်စုံမက်ရသူနဲ့ ဝေးလွဲ ၊ ခွဲခွာလွယ်တတ်သော နှစ်မျိုးပဲ ဖြစ်ပါတယ်။ အပျိုလူပျိုများအတွက် လည်း ရည်းစားလက်ရှိပုဂ္ဂိုလ်များ…ရှိတာလေး ..ပဲ့မသွားအောင် ဂရုစိုက်ရမယ့်နှစ်ပါ။

ထူးဆန်းတာတစ်ခုကတော့….မဖြစ်နိုင်တဲ့အချစ်ရေးအခြေအနေမျိုး သော်လည်းကောင်း၊ အသိုက်အဝန်း၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ၊ စသည်ဖြင့် ကွာခြားသော မေတ္တာရေးမျိုး သော်လည်းကောင်း၊ မိဘလူကြီးပတ်ဝန်းကျင် အသိုက်အဝန်းမှာ လက်ခံနိုင်ဖို့ ခက်ခဲသော မေတ္တာရေးအခြေအနေမျိုးသော်လည်း …ပေါ်ပေါက်လွယ်သော ကာလ ဖြစ်နေခြင်းပါပဲ။

အားနည်းချက်တွေ …ပြစ်ချက်တွေ…ရှိနေသူကိုပဲ ဖြစ်ဖြစ်…အချစ်ဆိုတဲ့ မျက်လုံးနဲ့ ကြည့်ပြီး…..ရွေးခြယ်မိစေတတ်သော နှစ်မျိုးလည်း ဖြစ်ပါတယ်။

အိမ်ထောင်ရေး..မေတ္တာရေးမှာ…နယ်လုစစ်ပွဲတွေ မပြုမိကြဖို့လည်း အထူးလိုအပ်ချိန်ပါ။ နေရာလုတာ…နေရာအတွက် ..အချင်းပွားရတာ၊ ဘယ်မှာနေမယ်… ဘယ်လိုနေမယ်စသဖြင့်…. အငြင်းအခုန် ဖြစ်ကြတာမျိုး တွေ ပြုမိမယ်ဆိုရင်တော့…သည်တစ်နှစ် အချစ်ရေးသည် အနှုတ်လက္ခဏာ ပိုမိုပြလာမယ့် နှစ်ပါပဲ။

အမည်အရ ဆိုရင်တော့….အမည်အဖျားစာလုံး (အဆုံးစာလုံးကို) ရ၊ယ၊လ၊၀ ဖြင့်မှည့်ခေါ်ထားမိသော ကြာသာပတေးနေ့ဖွားများအဖို့ …မေတ္တာရေးရာအ၀၀မှာ သတိထားရတော့မယ့် ကာလ ဖြစ်ပါမယ်။ ဥပမာအားဖြင့် ..မြင့်မြင့်ဝေ၊ မြင့်ဆွေဝင်း၊ ရှင်းသန့်လင်း၊ အေးအေးယု၊ မြတ်နိုးရွှေ….စသည်….။

ပညာရေး

လုပ်သလောက် အသိမှတ်ပြုခံရမယ့် ကာလပါ။ သို့သော် သင်တန်းတွေ၊ နောက်ထပ် သင်ကြားမှုတွေ ပြုလုပ်တော့မယ်ဆိုရင်တော့ သေချာစဉ်းစားပြီးမှသာ ..တက်သင့်မတက်သင့် ခွဲခြားဆုံးဖြတ်ပြီးမှ တက်ပါ။  မလိုအပ်သော သင်တန်းအပိုတွေ တက်မိခြင်းမျိုးကနေ…ဒီတစ်နှစ်မှာ အချို့သော အကျိုးစီးပွားတွေ လက်လွှတ်ရတတ်ခြင်း ရှိနိုင်လို့ပါပဲ။

ကျန်းမာရေး

ဒီတစ်နှစ်က မျိုးရိုးလိုက်သော ရောဂါဘယ အမျိုးအစားများ ဖြစ်ပွားလွယ်တတ်သလို…၊ အမျိုးသမီး မီးယပ် မမှန်ကန်တတ်ခြင်း( အများအားဖြင့်င (ထိမ်ကျန်ခြင်းနဲ့ ချုပ်ခြင်းမျိုး ) ဖြစ်ပွားလွယ်တတ်ပါတယ်။ ရင်ကျပ်ခြင်း နဲ့…အသက်ရှုမဝသကဲ့သို့ မကြာမကြာ ဖြစ်တတ်ခြင်းမျိုး ..ခံစားရတတ်သော နှစ်မျိုးလည်း ဖြစ်ပါတယ်။

အထွေထွေသုံးသပ်ချက်

ဆွေမျိုးသွေးသားရေးရာကဏ္ဍမှာ…အဆင်မပြေမှုအထစ်အငေ့ါလေးတွေ ဖြစ်လွယ်တတ်သော ကာလ ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာ နေရာလုရတဲ့အခြေအနေအချို့လွယ် …ဖြစ်လွယ်ကြုံလွယ်ပါတယ်။ သူတစ်ပါးကိစ္စအတွက် ကိုယ်က ရန်ဝင်ဖြစ်ချင်လည်း ဖြစ်နေရတတ်ပါတယ်။

ကံကောင်းစေတတ်သော ကာလ ဖြစ်သော်လည်း…(စနေနေ့တွေသည်) မိမိရဲ့ ဂုဏ်သတင်းကို ညှိးမှိန်လွယ်စေတာကို တော့ သတိပြု ထိမ်းသိမ်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီတစ်နှစ်မှာ ကိုယ်နဲ့မသက်ဆိုင်ဘဲ…ဝင်အာမခံပေးတာ၊ သူများအလုပ်ကို ဝင်လုပ်ပေးမိတာမျိုးတွေသည်… မိမိအကျိုးစီးပွားကို ယုတ်လျော့စေနိုင်တာလေးကိုလည်း ….ဆင်ခြင်ရပါမယ်။

အိမ်နီးနားပတ်ဝန်းကျင်မှာ…ကောင်းသောမင်္ဂလာ အခမ်းအနားမျိုး ပေါ်ပေါက်ခဲ့မယ်ဆိုရင်….. မိမိအတွက်လည်း ကောင်းကျိုး ရလာတတ်သော နှစ်မျိုးဖြစ်ပါတယ်။

ထို့အတူ…အိမ်နီးနားချင်း..အခန်းနီးနားချင်းတွေနဲ့လည်း သင့်တင့်အောင် အဆင်ပြေညီညွတ်အောင် နေထိုင်သင့်သော နှစ်မျိုးဖြစ်ပါတယ်။ ဒီတစ်နှစ်..ကံကောင်းမှုသည် အနီးနားပတ်ဝန်းကျင်နဲ့လည်း ဆက်နွယ်နေတတ်ခြင်းကြောင့်ပါပဲ။

ဆောင်သင့်/ရှောင်သင့်

မေတ္တာရေး အဆင်မပြေကြသူများအဖို့ အစိမ်းရောင်ကိုတော့….နုနုရင့်ရင့်…ဖြစ်နိုင်သမျှ ရှောင်ရှားသင့်ချိန်ပါ။ ခရမ်းပြာရောင်နဲ့.နံ့သာရောင်သည် တစ်နှစ်လုံးအတွက် အကျိုးပြုအရောင်များဖြစ်ပါတယ်။

ထီကံစမ်းလိုသူများအတွက်ကတော့…၅ ၊ ၆ ဂဏန်းများသည်….အကျိုးပေးအား အကောင်းဆုံးဖြစ်ပါတယ်။  ထီကံစမ်းသင့်တဲ့ ရက်ကတော့…တနင်္ဂနွေနေ့ပဲ ဖြစ်ပါကြောင်း။

ကြာသာပတေးနေ့ဖွား အပေါင်းတို့သည် …နှစ်သစ် ၁၃၈၆ခုနှစ်အတွင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း ရှိကြသည် ဖြစ်ကြပါစေသတည်း။

(မည်သည့် စီးပွားဖြစ်လုပ်ကိုင်နေသော အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများတွင် မဆို ကူးယူဖော်ပြခြင်း၊ ခွင့်ပြုချက် မရဘဲ အသုံးပြုခြင်းများ မပြုရန် အသိပေးအပ်ပါသည်)

လေးစားစွာဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
09 789 333 791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)