ရုပ်နာမ်နှစ်ပါးယတြာ

အခက်အခဲများ ရှိနေသည့်တိုင် ဗေဒင် မေးမြန်းရန် အဆင်မပြေသည့်သူများ၊ ကံဇာတာ နိမ့်ပါးနေသည့်တိုင် မည်သို့ ယတြာချေရမှန်း မသိဖြစ်နေသူများအတွက် မြန်မာ့ရိုးရာယတြာအစီအရင်ကောင်းတစ်ခုမှာ ရုပ်နာမ်နှစ်ပါး ယတြာပင် ဖြစ်ပါသည်။

ဤယတြာတွင် မိမိ၏ လက်ရှိရောက်ဆဲအသက်ကို အဓိကထား တွက်စစ်ဆောင်ရွက်ရပေသည်။ အသက် ၃၀ ပြည့်ပြီးပါက အသက်ကို ၃၁ နှစ်ယူပါ။ အသက် ၃၁ နှစ် ပြည့်ပြီးပါက ၃၂ နှစ် ကိုယူပါ။ စသဖြင့် Living Age ကို ယူရန် ဖြစ်ပါသည်။ ထိုသို့ ရောက်ဆဲအသက်ကို ၇ ဖြင့် စားခြင်းဖြင့် အကြွင်းအလိုက် ယတြာဆောင်ရွက်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁)ကြွင်း – တနင်္ဂနွေနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ တနင်္ဂနွေထောင့်တွင် မေမြို့ပန်း ၅-ပွင့်၊ ဖယောင်းတိုင် အဝါ ၅ တိုင် ထွန်းညှိပူဇော်လှူဒါန်းပြီး လိုရာဆုတောင်းပါ။

(၂)ကြွင်း – တနင်္လာနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ တနင်္လာထောင့်တွင် သီဟိုဠ်ညွန့် ( သို့မဟုတ် ) သပြေ ၆ညွန့်နှင့် သင်္ဘောသီး ၆ စိတ် ဆွမ်းတော်ကပ်လှူပြီး လိုရာဆုတောင်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃)ကြွင်း – အင်္ဂါနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် ဒန်း (သို့မဟုတ်) နှင်းဆီ ၁၀ ပွင့်၊ ကနက္ကဒဏ် ထီးဖြူ ၁လက် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

(၄)ကြွင်း – ဗုဒ္ဒဟူးနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ ဗုဒ္ဓဟူးထောင့်တွင် အုန်း ၆ညွန့်၊ အုန်းရည် ၄ခွက် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

(၅)ကြွင်း – ကြာသပတေးနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ ကြာသပတေးထောင့်တွင် ကြံ (သို့မဟုတ်) ကံကော် ၂ညွန့် ၊  ကိတ်မုန့် ၂ချပ် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

(၆)ကြွင်း – သောကြောနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ သောကြာထောင့်တွင် ဇီးညွန့် ၃ညွန့်၊ ဇီးဖျော်ရည် ၃ခွက် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

(ဝ)ကြွင်း – စနေနေ့ မနက်တွင် ဘုရားစေတီတစ်ဆူ၏ စနေထောင့်တွင် ရွက်လှ ၄ညွန့်၊ ဖယောင်းတိုင် အစိမ်း ၄တိုင် ထွန်းညှိပူဇော် လှူဒါန်းပြီး လိုရာဆုတောင်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ အသက် ၄၂ နှစ်ထဲ ရောက်နေသော ကြာသပတေးသမီးတစ်ဦးကို ရုပ်နမ်နှစ်ပါးယတြာ ပြုမည်ဆိုပါစို့။ အသက် ၄၂ ကို ၇ ဖြင့်စားပါက ၀ – ကြွင်းပါမည်။ သို့ဖြစ်၍ ဖော်ပြပါတိုင်း စနေနေ့မနက်တွင် ပြုလုပ်ဖွယ်ရာ ယတြာအတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

အထက်ပါအတိုင်း ရောက်ဆဲအသက်ပိုင်းခြားတွင် ရုပ်နာမ်နှစ်ပါးယတြာကို မကြာခဏ ဆောင်ရွက်ခြင်းဖြင့် ဘုန်းကံမြင့်မားခြင်း၊ ကံဇာတာ ပြန်ကောင်းလာခြင်း၊ လုပ်ရေးကိုင်ရေးအဆင်ပြေခြင်းနှင့် အကြံအစည် အောင်ခြင်းများ ဖြစ်ထွန်းလာပါလိမ့်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)