ကောဇာကြာသပတေး နောက်ပြန်ဆုတ်ခြင်းနှင့် ရာသီဖွားအဟောများ

ရောက်တဲ့ရာသီမှာ တစ်နှစ်တစ်ခါ အသွားမမှန်ဘဲ နောက်ပြန်လှည့်နေကျ ကောဇာကြာသပတေးဟာ ဒီနှစ်မှာတော့ သာယနစနစ်အရ ပြိဿရာသီခွင်မှာ လေးလနီးပါးကြာ နောက်ပြန်ဆုတ်ပါလိမ့်မယ်။

ကောဇာ ကြာသပတေးဂြိုဟ်ကြီး အသွားမမှန် ၊ နောက်ပြန်လှည့်မယ့် စက်တင်ဘာ ၄ ကနေ ဒီဇင်ဘာ ၃၀ အတွင်း (လေးလနီးပါး အတွင်း) ရာသီဖွားအလိုက် ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်သလဲဆိုတာ ဟောစာတမ်း ရေးသားတင်ပြလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ဝင်ငွေရလမ်း မမှန်ဘဲ ဖြစ်လာတတ်ပြီး ငွေပေးငွေယူတွေလည်း သတိထား ဆောင်ရွက်ရပါမယ်။ ရေရှည်စီမံချက်တွေ ခဏ ဆိုင်းထားပြီး အသုံးအစွဲ ဂရုစိုက်ရပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ကိုယ်လုပ်နေတာတွေ ဟုတ်ရောဟုတ်ရဲ့လားလို့ ဘရိတ်အုပ်ပြီး ပြန်သုံးသပ်ရမယ့်ကာလပါ။ ဒီလပိုင်းတွေမှာ ရှေ့တိုးကြိုးစားတာထက် နောက်ဆုတ်ချိန်ဆရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အလုပ်အကိုင်တွေ နှောင့်နှေးတာ၊ လူမှုဆက်ဆံရေး ပြဿနာ ဖြစ်ပေါ်တာနဲ့ ငွေကုန်ကြေးကျ အရမ်း များတာတွေ ဖြစ်တတ်လို့ ဒီအချက်တွေကို သတိထားရပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – နေ့စဉ် လုပ်နေကျ နိစ္စဓူဝကိစ္စတွေ ပုံမှန် မလည်ပတ်နိုင်ဘဲ အထစ်အငေါ့ များလာတတ်ပါတယ်။ ငွေကြေးကိစ္စနဲ့ လူမှုရေးကိစ္စတွေမှာ စိတ်ရှုပ်စရာ ဖြစ်လာပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အလုပ်နဲ့ ပတ်သက်လို့ မလုပ်ချင်ဘဲ လုပ်ရတဲ့တာဝန်တွေ ပေါ်ပေါက်လာပါမယ်။ မတတ်သာလို့ လုပ်နေရတာ၊ သည်းခံ လုပ်ကိုင်ရတာတွေ ပိုများလာနိုင်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ကံစမ်းတဲ့ကိစ္စတွေ လက်ရှောင်သင့်ပြီး ပညာရေးနဲ့ သင်တန်းကိစ္စတွေမှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ မိသားစုနဲ့မေတ္တာရေးပါ ဂယက်ရိုက်နိုင်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ငွေအရင်းအနှီး ထည့်တာ၊ ငွေအလွှဲအပြောင်း လုပ်တာတွေကို သတိထား လုပ်ပါ။ ကျန်းမာရေးမှာ ရောဂါဟောင်း၊အနာဟောင်း ပြန်ပေါ်တတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အများနဲ့ ဆက်ဆံရာမှာ နားလည်မှု လွဲချော်တာ၊ ညှိနှိုင်းမရတာတွေ ဖြစ်လာတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာပါ စိတ်ညစ်စရာ ရှိလာပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အလုပ်မှာ ပဋိပက္ခလေးတွေ ဖြစ်တတ်သလို တစ်နေ့စာ လုပ်စရာတွေလည်း မကြာခဏ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပါ ဂရုစိုက်ပေးရပါမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – စိတ်ကူးတည့်ရာ လျှောက်လုပ်ရင်း အမှားတွေချည်း လုပ်မိတတ်ပါတယ်။ ချစ်သူရည်းစားကိစ္စ၊ လောင်းကစားကိစ္စတွေမှာလည်း ကံအားနည်းတတ်ပါတယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်ပွားတတ်ပြီး အိုးအိမ်၊ ယာဉ်၊ကားနဲ့ မိသားစုကိစ္စတွေမှာပါ ရိုက်ခတ်တတ်ပါတယ်။ အလုပ်ပျက်အကိုင်ပျက် ဖြစ်လာပါမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – လူမှုဆက်ဆံရေးမှာ နားလည်မှု လွဲတာ၊ အဆက်အသွယ် ပြတ်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဘာပဲလုပ်လုပ် နောက်ကြောင်းမအေးဘဲ ပြန်လုပ်ရတတ်ပါတယ်။

ကြာသပတေးဂြိုဟ် နောက်ပြန်လှည့်မယ့် လေးလတာအတွင်းမှာ ကံကောင်းကြပါစေ… ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)