ရာဟုဂြိုဟ်အစီးအနင်းနှင့် ၁၂ ရာသီဖွားဟောစာတမ်း

နက္ခတ်ဗေဒင်ပညာမှာ အရိပ်ဂြိုဟ် (တနည်းအားဖြင့်) နဂါးခေါင်းအဖြစ် သတ်မှတ်တဲ့ ရာဟုဂြိုဟ်ဟာ တစ်ရာသီမှာ ၁၈ လ (တစ်နှစ်ခွဲ) ခန့် ကောဇာ သွားလေ့ရှိပါတယ်။ အနောက်တိုင်းနက္ခတ်ဗေဒင်အရ ကောဇာရာဟုဟာ ၂၀၂၃ ဇူလိုင်ကနေ ၂၀၂၅ ၊ ဇန်နဝါရီလအထိ မိဿရာသီခွင်မှာ တည်ရှိနေမှာ ဖြစ်ပါတယ်။

မိဿရာသီမှာ ရာဟုဂြိုဟ် ကောဇာ သွားနေမယ့် ၂၀၂၃ ၊ ဇူလိုင် ၁၈ ကနေ ၂၀၂၅ ၊ ဇန်နဝါရီ ၁၂ အထိ ရာသီဖွားအလိုက် ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်သလဲဆိုတာ ဟောကိန်းထုတ် တင်ပြလိုက်ပါတယ်။ (ဗေဒင်သုတက မူရင်းရေးသားသူ ဆရာထံမှ ခွင့်ပြုချက် ရယူပြီး ဖော်ပြသည့် ဆောင်းပါး ဖြစ်သောကြောင့် အခြား Website, Facebook page နှင့် YouTube Channel များတွင် တစ်ဆင့် ကူးယူဖော်ပြခြင်း၊ ရုပ်သံအဖြစ် ထုတ်လွှင့်ခြင်းများ မပြုလုပ်ရန် အသိပေးအပ်ပါသည်)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
ဘဝအခြေအနေ အပြောင်းအလဲ ဖြစ်ပေါ်လာတတ်တယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ပြောင်းလဲခြင်းတွေ ဖြစ်ပြီး ခါတိုင်းထက် စိတ်မြန်လက်မြန်တွေ ပိုဖြစ်လာမယ်။ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်လို့ သတိထားရမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
နိုင်ငံရပ်ခြားကိစ္စ ကြိုးစားနေသူတွေ အောင်မြင်မယ်။ ဝေးမြေရပ်ခြားမှာ အခြေခွင့် ရတတ်တယ်။ အိုးအိမ်နေရာ ပြောင်းရွှေ့ကိန်း ရှိတယ်။ တော်တော်နဲ့ အိပ်မပျော်တာမျိုး ခံစားရတတ်တယ်။ ဝင်ငွေ အဖတ်မတင် ဖြစ်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
ဆက်ဆံနေကျ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်လာတတ်တယ်။ မလိုလားသူတွေနဲ့ ကင်းဝေးပြီး ကိုယ့်အပေါ် ကောင်းတဲ့သူတွေနဲ့ ဆုံဆည်းရလိမ့်မယ်။ ဘဝအခြေအနေ တိုးတက်မယ်။ ငွေကြေးရလမ်းတွေ ပေါ်လာမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
လက်ရှိအခြေအနေထက် တိုးတက်မြင့်မားဖို့ အခွင့်ကောင်းတွေ ပေါ်လာနိုင်တယ်။ အသက်မွေးဝမ်းကျောင်းကို အာရုံစိုက်ရမယ့်နှစ်ကာလ ဖြစ်တယ်။ အလုပ်တွေ တိုးတက်ပြောင်းလဲလာသလို စိတ်ဖိစီးမှုလည်း များလာမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ရပ်ဝေးမြေခြားခရီးတွေ ပေါ်ပေါက်လာတတ်တယ်။ နိုင်ငံခြားသွားဖို့ ကြိုးစားနေသူတွေ အခွင့်အလမ်း ပေါ်မယ်။ အဆင့်မြင့်ပညာရပ်တွေ သင်ကြားတက်ရောက်ခွင့် ရလာမယ်။ အကြီးအကဲတွေနဲ့ သဘောကွဲလွဲမှု ဖြစ်ပွားမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
ငွေကြေးနဲ့ပတ်သက်လို့ လက်လွန်သုံးစွဲမိတာ၊ အသုံးအဖြုန်း ကြမ်းတာတွေ ဖြစ်တတ်လို့ စုမိဆောင်းမိလေးတွေ ပွန်းပဲ့လျော့ပါးတတ်တယ်။ အတွေး လွန်ပြီး ခံစားချက်တွေ အစွန်းရောက်မယ်။ စိတ်ဖိစီးမှုဒဏ်ကို ခံစားရမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
ပျိုရွယ်သူ လူပျိုလူလွတ်တွေအနေနဲ့ ချစ်ရေးချစ်ရာကိစ္စတွေမှာ အာရုံထွေပြားပြီး အမှားတွေ လုပ်မိတတ်တယ်။ ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင်တွေ ပြဿနာ ကြီး၊ငယ် ဖြစ်ပေါ်တတ်တယ်။ ကျန်းမာရေး ချူချာအားနည်းနိုင်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)
နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေ အပြောင်းအလဲ ဖြစ်လာမယ်။ သမရိုးကျ မဟုတ်တဲ့အခြေအနေတွေ ကြုံလာရမယ်။ ကျန်းမာရေး တစ်ခုခုဆိုရင် ပေါ့ဆသင့်တဲ့ကာလ ဖြစ်တယ်။ ဒါပေမယ့် ငွေကြေးစီးပွားကံဇာတာ ကောင်းမယ်။ (ဗေဒင်သုတက မူရင်းရေးသားသူ ဆရာထံမှ ခွင့်ပြုချက် ရယူပြီး ဖော်ပြသည့် ဆောင်းပါး ဖြစ်သောကြောင့် အခြား Website, Facebook page နှင့် YouTube Channel များတွင် တစ်ဆင့် ကူးယူဖော်ပြခြင်း၊ ရုပ်သံအဖြစ် ထုတ်လွှင့်ခြင်းများ မပြုလုပ်ရန် အသိပေးအပ်ပါသည်)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
ဝါသနာပါ၊ စိတ်ဝင်စားတဲ့ပညာရပ်တွေကို အထူးပြု လေ့လာခွင့် ရမယ်။ တီထွင်ကြံဆမှုတွေ အားကောင်းလာပြီး ဖန်တီးမှုတွေ လုပ်လာနိုင်မယ်။ ချစ်မေတ္တာရေးမှာတော့ ကံခေတတ်ပြီး စိတ်ရှုပ်စရာတွေ မကြာခဏ ကြုံရမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)
အလုပ်အကိုင်၊ စီးပွားရေးအပေါ်မှာပဲ အာရုံစိုက်လွန်းလို့ မိသားစုဘဝမှာ လစ်ဟင်းမှုတွေ ဖြစ်လာတတ်တယ်။ အိမ်ခြံမြေနဲ့ ပတ်သက်လို့ အမှုအခင်း၊ ပြဿနာတွေ ဖြစ်တတ်တယ်။ ယာဉ်ကား သတိထား မောင်းနှင်ရမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)
လူမှုပေါင်းသင်းဆက်ဆံရေးမှာ နားလည်မှု လွဲတာ၊ မကောင်းမြင်ခံရတာတွေ ဖြစ်လာမယ်။ ပတ်ဝန်းကျင်ကြား ကိုယ်က သီးခြားလို ဖြစ်နေတတ်တယ်။ ဒါပေမယ့် ငွေကြေးစီးပွားနဲ့လုပ်ငန်းကံဇာတာပိုင်း ကောင်းမွန်လာမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
ကိုယ်ပိုင်ငွေကြေးဥစ္စာနဲ့ ပတ်သက်လို့ အရှုပ်အရှင်းတွေ၊ မရိုးမသားကိစ္စတွေ ကြုံရတတ်တယ်။ ငွေအကုန်အကျ များလာတာ၊ အစားမှားဆေးမှားတာ၊ မျက်စိ အားနည်းတာ၊ စကားမှားလို့ ငြင်းခုံရတာတွေ ဖြစ်ပွားတတ်တယ်။

အထက်ဖော်ပြပါ ရာသီဖွားဟောကိန်းတွေဟာ ရာဟုဂြိုဟ် မိဿရာသီမှာ စီးနင်းနေမယ့် ၂၀၂၃ ၊ ဇူလိုင် ကနေ ၂၀၂၅ ၊ ဇန်နဝါရီအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပြီး အခုတည်းက ကြိုတင် သိရှိထားဖို့ တင်ပြလိုက်ရပါတယ်။

လိုရာဆန္ဒ ပြည့်ကြပါစေ
ဧက (ဗေဒင်သုတ)

 

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)