Valentine’s Day မှာ လက်တွဲဖော် တွေ့နိုင်တဲ့ ရာသီဖွားများ

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့မှာ လက်တွဲဖက် ချစ်သူရည်းစား ရရှိရေး ကြိုးစားနေသူ၊ Crash ကို ဖွင့်ပြောဖို့ ကြံရွယ်ထားသူနဲ့ ချစ်သူဘဝကို ခြေတစ်လှမ်းမက ရှေ့တိုးချင်နေသူတွေအတွက် ကံဇာတာအခြေအနေ ဘယ်လို ရှိနိုင်သလဲဆိုတာ ကြည့်ရအောင်ဗျာ။ ထုံးစံအတိုင်း အနောက်တိုင်းရာသီခွင်စနစ်နဲ့ပဲ တွက်ချက်ထားတာ ဖြစ်ပါတယ်

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – ဒီနှစ်ရဲ့ V-Day ဟာ မိဿရာသီဖွားတွေအတွက်တော့ တကယ့် အမှတ်တရ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့် Crash လေးကို အဲဒီနေ့မှာ ဖွင့်ပြောဖို့ ကြံရွယ်နေရင် ၊ Single (FA) ဘဝကနေ RS အဖြစ် ထူထောင်ချင်တယ်ဆိုရင် လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – ချစ်သူများနေ့မှာ အချစ်တွေသာ စောင့်ကြိုနေမှာ ဖြစ်လို့ ကိုယ့်ဘက်က အထာကျကျ ဖွင့်ပြောနိုင်ဖို့ပဲ ပြင်ထားပါ။ စိုင်းထီးဆိုင် သီချင်းထဲကလိုပါပဲ “မင်း မကြည့်လို့ မသိတာပါ ၊ အချစ်က မင်းအနားမှာပါ” ဆိုတဲ့အတိုင်း ရိပ်မိ သိရှိဖို့လည်း ရင်ဖွင့်ထားပါ။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – ချစ်စရာကောင်းတဲ့ ချစ်သူလက်တွဲဖော်နဲ့ ကြုံလာနိုင်တဲ့အတွက် ကိုယ့်ဘက်က ချစ်မြတ်နိုးတတ်အောင်သာ ပြင်ထားပါ။ ရေရှည် တွဲသွားနိုင်မယ့် ချစ်သူမျိုး ဖြစ်လို့ အလေးထားဖို့ လိုပါတယ်။ ဖွင့်ပြောပါ။ ညှိနှိုင်းပါ။ နှစ်ဦးသား အဆင်ပြေသွားမှာပါ။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) – အရင်တုန်းက တုံဏှိဘာဝနဲ့ တစ်ကိုယ်တော် နေထိုင်ခဲ့တာကို မေ့လိုက်ပါ။ V-Day မှာ လက်တွဲဖော်နဲ့ ကြုံလာနိုင်တာမို့ လူချင်း တွေ့စရာ ရှိတာတွေ့ ပြောစရာ ရှိတာ ပြောချလိုက်ပါ။ စကားလေးတွေ ဖလှယ်ရင်း ရင်ခုန်သံချင်းပါ နီးစပ်သွားနိုင်ပါတယ်။

အထက်ပါ ရာသီဖွားအဟောတွေက တစ်ဦးတစ်ယောက်ချင်းရဲ့ ဇာတာခွင်နဲ့ အသေးစိတ် တွက်ချက် ဟောပြောတာမျိုး မဟုတ်လို့ ယေဘုယျ ဆန်နိုင်ပေမယ့် ချစ်သူများနေ့ရဲ့ ကောဇာဂြိုဟ်ရပ်တည်ပုံနဲ့ ယူဆ ဟောချက်ထုတ်ထားတာ ဖြစ်တဲ့အတွက် အနီးစပ်ဆုံး မှန်ကန်နိုင်အောင် ကြိုးစားထားပါတယ်။ အထက်ပါ ရာသီဖွားတွေအပြင် သိဟ် နဲ့ ဓနုတွေလည်း အတန်သင့် ကံကောင်းနိုင်ပါတယ်။

ရာသီခွင်ဖွားအားလုံး စစ်မှန်တဲ့ အချစ်နဲ့ တည့်တည့်ကြီးကို ထိပ်တိုက် တိုးနိုင်ပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)