မွေးရက်အလိုက် သူ့ရဲ့ စရိုက်သဘာဝလေးတွေနဲ့ သူ ကြိုက်တတ်တဲ့ လက်ဆောင်တွေက ဘယ်လိုဘယ်အရာ ဘာအမျိုးအစားတွေ ဖြစ်မလဲဆိုတာ ဂဏန်းဗေဒင်နဲ့ အဖြေရှာကြည့်ရအောင်…

ဗေဒင်ယတြာအကြောင်းနဲ့ ဗေဒင်ဟောကိန်းတွေ စုစည်း ဖတ်ရှုနိုင်မယ့် နေရာ
မွေးရက်အလိုက် သူ့ရဲ့ စရိုက်သဘာဝလေးတွေနဲ့ သူ ကြိုက်တတ်တဲ့ လက်ဆောင်တွေက ဘယ်လိုဘယ်အရာ ဘာအမျိုးအစားတွေ ဖြစ်မလဲဆိုတာ ဂဏန်းဗေဒင်နဲ့ အဖြေရှာကြည့်ရအောင်…
အရင်ဆုံးမှာချင်တာက အခုဖော်ပြမယ့်ဂဏန်းဗေဒင်ဟာ တရားမဝင်လောင်းကစားတွေကို အားပေးအားမြှောက် လုပ်တာမျိုး မဟုတ်ဘဲ တရားဝင်ထီထိုးရာမှာ ဖြစ်စေ၊ ကံစမ်းဉာဏ်စမ်းလေးတွေ လုပ်ရာမှာ ဖြစ်စေ လက်တွေ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်းသာ ဖြစ်ကြောင်း ပြောလိုပါတယ်။ ဂဏန်းဗေဒင်ပညာအရ မိမိ မွေးဖွားတဲ့ရက်ဟာ စိတ်နေစိတ်ထား၊ စရိုက်သဘာဝကိုသာမက ကံစမ်းရာမှာလည်း သက်ရောက်မှု ရှိနေတာ ဖြစ်လို့ ဂဏန်းဗေဒင်ကို အသုံးပြုပြီး ဘယ်လို ကံစမ်းကြည့်နိုင်မလဲဆိုတာ ဗေဒင်သုတ အဖြစ် ဖော်ပြလိုက်ရပါတယ်။ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ မွေးရာပါစိတ်စွမ်းအားတွေ ပါလာကြပြီး စီးပွားရေးဆန်ဆန်လည်း တွက်တတ်လို့ ကံစမ်းတာတွေမှာ ပွပေါက်တိုး ကံကောင်းတတ်ပါတယ်။ ဒါပေမယ့် အရှုံးကို လက်သင့်မခံဘဲ ရှုံးမဲမဲတတ်တာကိုတော့ သတိထားသင့်ပါတယ်။ (ဗေဒင်သုတ၏ […]
၂၀၂၃ ခုနှစ်ဟာ ဂဏန်းဗေဒင်အရ ကိတ်ဂြိုဟ် (တနည်းအားဖြင့်) နက်ပကျွန်းဂြိုဟ် လွှမ်းမိုးတဲ့နှစ် ဖြစ်ပါတယ်။ နှစ်သစ် ၂၀၂၃ ခုနှစ်မှာ မိမိရဲ့ အင်္ဂလိပ်လို မွေးရက်ဂဏန်းအလိုက် ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်သလဲ ဆိုတဲ့ တစ်နှစ်စာ ကံကြမ္မာဟောကိန်းကို တင်ပြလိုက်ပါတယ်။
အခုရောက်ရှိလာတဲ့ ၂၀၂၂ နှစ်သစ်ကတော့ (၂+ဝ+၂+၂ = ၆) ခြောက်ဂဏန်း ရတဲ့နှစ် ဖြစ်လို့ ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ သဟဇာတ ဖြစ်ရေးတွေကို ဖော်ဆောင်လာမှာ ဖြစ်ပါတယ်။
၂၀၂၃-ခုအတွက် ကိုယ့်ဇာတာဘယ်လိုအနေထားရှိမလဲ နှစ်သစ်မှာ ဘယ်လိုဖြတ်သန်းရမလဲ စသဖြင့် သိရှိလိုသူများအတွက် ကိုယ်တိုင် တွက်ချက်ဟောပြောနိုင်သော အနောက်တိုင်း သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင်ဟောကိန်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းစနစ်မှာတော့ မိမိရဲ့ မွေးရက်၊ မွေးလကို သိရှိဖို့လိုပါတယ်။ မိမိရဲ့မွေးလ၊ မွေးရက်ကို နှစ်သစ် ၂၀၂၃ ခုနှစ်နဲ့ ပေါင်းရပါမယ်။ ပေါင်းလို့ရတဲ့ ဂဏန်းကို နောက်ဆုံး ဂဏန်းတစ်လုံးတည်း ရသည်အထိ ဆက်ပေါင်းပြီး ကိုယ့်ရဲ့နှစ်သစ် ကံဇာတာဟောကိန်းကို ဖတ်ရှုနိုင်ပါတယ်။ ဥပမာ… ကိုယ့်မွေးသက္ကရာဇ်ဟာ ၄.၅.၁၉၈၈ ဖြစ်တယ်ဆိုပါစို့။ ၁၉၈၈ ကို ဖယ်ပြီး ကိုယ့်မွေးရက် မွေးလ ဖြစ်တဲ့ ၄+၅ ကို ပေါင်းလိုက်ရင် ၉ ရပါတယ်။ ၎င်း ၉ ဂဏန်းကို နှစ်သစ် ၂၀၂၃ နဲ့ ဆက် […]
ဒီနေ့ ဘာဖြစ်မယ်ဆိုတဲ့ အဟောထက် ဘာလုပ်ရင် ကောင်းမယ်ဆိုတဲ့ လမ်းညွှန်ချက် သဘောမျိုး ဟောဆိုထားတာ ဖြစ်ပါတယ်။
တွက်နည်းကတော့ ဇာတာရှင်ရဲ့မွေးရက် /မွေးလနဲ့ မိမိ စတင် လုပ်ကိုင်မယ့် ရက်လနှစ်တွေကို တစ်လုံးတည်း ကျန်အောင် ပေါင်းပါ ။ ထိုပေါင်းရကိန်းဟာ အဲဒီနေ့အတွက် မိမိရဲ့ကံကြမ္မာကိုဖော်ပြပါတယ်။
ပျောက်ဆုံးဂဏန်းတွေအရ သင့်ရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်။
ဒီနည်းဟာ ယေဘုယျ ဆန်ပေမယ့် စိတ်ဝင်စားစရာတွေလည်း ရှိနေတဲ့အတွက် ဂဏန်းဗေဒင် ဝါသနာရှင်များအတွက် တင်ပြပေးလိုက်ပါတယ်။
ကိုယ့်ရဲ့ အင်္ဂလိပ်မွေးရက်က ဘယ်နေ့လဲ ဆိုတာ သိရင် တစ်သက်တာအကျိုးပေးမယ့် အလုပ်အမျိုးအစားကို သိနိုင်ပါတယ်။ မွေးရက် အပြင် မွေးရက်၊ မွေးလ၊ မွေးနှစ်အားလုံးကို တစ်လုံးတည်း ရအောင် ပေါင်းလို့ရလာတဲ့ ဂဏန်းကလည်း အောင်မြင်ကြီးပွားနိုင်တဲ့ အလုပ်အကိုင်ကို ညွှန်းဆို ဖော်ပြနေပါတယ်။ ဥပမာ – ကမ္ဘာကျော်လူမှုကွန်ရက်မီဒီယာ Facebook ကို တည်ထောင်ခဲ့တဲ့ မက်ခ်ဇူကာဘတ်ဂ်ျဟာ ၁၉၈၄ ၊ မေလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့မွေးနေ့ကို (၁၄) ရက်ကို တစ်လုံးတည်း ရအောင် ပေါင်းရင် (၁+၄ = ၅) ၅ ဂဏန်း ရပါတယ်။ အဲဒီလိုပဲ သူ့ရဲ့ မွေးရက်၊ လ ၊ နှစ် အားလုံး (၁၄ ၊ […]