တရုတ်လူမျိုးတို့၏ နှစ်ပေါင်းထောင်ချီ တည်တံ့နေသော ဖုန်းရွှေလောကီပညာရပ်တွင် နေအိမ်အဆောက်အဦ အခန်းထောင့်များ အတွက် ငွေကြေးချမ်းသာကြွယ်ဝခြင်းဆိုင်ရာ အရပ်မျက်နှာထောင့် ရှိသည်။ ထိုအရပ်မျက်နှာ ရှာဖွေပုံကို ယခု ဖော်ပြပေးပါမည်။ မိမိတို့ အဆောက်အဦ (သို့) အခန်းထဲမှ နေ၍ အိမ်အပြင်ဘက်သို့ မျက်နှာမူလိုက်ပါ။ လက်ဝဲဘက် ထိပ်ခြမ်းထောင့်သည် ငွေကြေးဓနနှင့် သက်ဆိုင်သော အရပ်မျက်နှာထောင့် ဖြစ်ပါသည်။ အဆိုပါအရပ်မျက်နှာတွင် အမှိုက်များ ရှုပ်ပွနေခြင်း ၊ ပစ္စည်းများ ရှုပ်ထွေးနေခြင်းမျိုး မဖြစ်ရပါ။ ဓား၊ လက်နက် ၊ တံမျက်စည်း စသည့် အနိဌပစ္စည်းများလည်း မရှိအပ်ပါ။ ရှိနေပါက မိမိ၏ ငွေကြေးစီးပွားတိုးတက်မှု ရပ်တန့်တတ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website […]